Professional Authors

ရန်သူလို မသတ်မှတ်. . . သူစိမ်းတွေလို နေလိုက်ကြရအောင် – နရီထက်

လက်ရှိ အချစ်က
အချိုတွေကုန် ပျားရည်ဆမ်းတွေ
ပျောက်နေချိန်မို့…
ခါးသက်စိမ့်ဝင် သွေးစိမ်းနေကြသလား
တို့နှစ်ဦးသားရယ်…

မတူညီမှုက လမ်းဆုံတစ်နေရာမှာ…
တို့နှစ်ယောက်ကို ကျောချင်းယှဉ်လို့
လမ်းခွဲဖို့ လမ်းရွေးပြီးထား…

အချစ်ကို အားပြိုင်နေမှတော့
နင်ကို ငါက ဘယ်လောက်ချစ်တယ်
ငါက နင်ကို ဘယ်လောက်ချစ်တယ်
ခံစားချက်တွေ ထုတ်မရောင်းတော့ဘူး
ကြေငြာစရာ မလိုတဲ့ မျက်နှာအပိုင်းအစတွေနှင့်
တို့နှစ်ဦးသားရယ်…

နောက်တစ်ဦးကို နင်က
စရွေးချယ်ထားတော့…
ငါလည်း အလွမ်းကို သက်သေပြဖို့
တပ်ဂ်ျမဟာလို အလွမ်းပြတိုက်ဆောက်လို့
ငါ့နှလုံးကို အရောင်တင်အမွှန်းမခံနိုင်တော့ဘူး…

အချိန်ဆိုတာ လက်ရှိအချိန်က
အကောင်းဆုံးမို့…
ငါလည်း နောက်တစ်ဦးနှင့် တွဲနှင့်လိုက်ပြီး
လက်ရှိအချစ်က အကောင်းဆုံးလို့
ပြောထားကြလို့…

နင်လည်း နင့်ချစ်သူကို လက်တွဲ
ငါလည်း ငါချစ်သူက ငါ့ပခုံးကို မှီလို့
လမ်းမှာ ဆုံဖြစ်ကြရင်…
မထီကြေး မမဲ့ကြေး
အပြုံးတွေနှင့် ဆက်လျှောက်ကြရအောင်…။     ။

နရီထက်
( ၁၄ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 14, 2010
Comment #1

အဲလိုပဲ ဖြစ်သင့်တာပေါ့ .. . ကောင်းပါတယ်ဗျာ…

Comment #2

ဟုတ်ကဲ့ပါခင်ဗျာ….

commentinfo By: နရီထက် at Dec 14, 2010
Comment #3

နင်လည်း နင့်ချစ်သူကို လက်တွဲ
ငါလည်း ငါချစ်သူက ငါ့ပခုံးကို မှီလို့
လမ်းမှာ ဆုံဖြစ်ကြရင်…
မထီကြေး မမဲ့ကြေး
အပြုံးတွေနှင့် ဆက်လျှောက်ကြရအောင်…။ ။ ..
hehe .. lan tal …

commentinfo By: Mikyae at Dec 14, 2010
Comment #4

Thank you, Mikyae

commentinfo By: နရီထက် at Dec 14, 2010
Comment #5

နေ့သစ်နဲ့ နရီထက်က တူတူပဲလား ?? မသိလို့ မေးတာပါဗျာ

Comment #6

အချစ်ပြိုင်နဲ့  မာနပွဲပါလား ကောင်းတယ် နရီထက်

commentinfo By: နှောင်းလူ at Dec 14, 2010
Comment #7

အရမ်းကြိုက်သွားပြီး………စာသားလေးတွေအရမ်းမိုက်တယ်အကိုကြီး

commentinfo By: myintmo at Dec 15, 2010
Comment #8

အချိန်ဆိုတာ လက်ရှိအချိန်က
အကောင်းဆုံးမို့…
ငါလည်း နောက်တစ်ဦးနှင့် တွဲနှင့်လိုက်ပြီး
လက်ရှိအချစ်က အကောင်းဆုံးလို့
ပြောထားကြလို့…

နင်လည်း နင့်ချစ်သူကို လက်တွဲ
ငါလည်း ငါချစ်သူက ငါ့ပခုံးကို မှီလို့
လမ်းမှာ ဆုံဖြစ်ကြရင်…
မထီကြေး မမဲ့ကြေး
အပြုံးတွေနှင့် ဆက်လျှောက်ကြရအောင်…။ ။

ကြိုက်တယ်ကွာ။ အခုခေတ်လိုပဲကဗျာလဲခပ်မိုက်မိုက်ပဲ…………………..

commentinfo By: မိုးသီး at Dec 15, 2010
Comment #9

ကျေးဇူးပါ

ကိုမီုးသီး….

ဆက်လက် ကြိုးစားနေမည်။

ကိုနရီထက်…

commentinfo By: နရီထက် at Dec 15, 2010
Comment #10

ကောင်းတယ် ကိုန၇ီထက်ဲအဲဒါက ပိုကောင်းမယ်ထင်တယ်

commentinfo By: genius.jinx28 at Dec 17, 2010
Comment #11

အရမ်းကောင်းတယ် ကိုနရီထက်…
အဲလိုမျိုး ကဗျာကောင်းကောင်းလေးတွေ ရေးပေးတာကျေး၊ဇူးတင်ပါတယ်…….

commentinfo By: phyu sin noe at Dec 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment