Professional Authors

သူစိမ်းတွေလို

အချိန်တန်တော့လဲ…
နေသာသလိုရှိခဲ့ကြတာပဲလေ….
ဘယ်သူတွေက ဘယ်လိုလွမ်းတယ်..ဘယ်လိုဆွေးတယ်ပဲပြောပြော
အရာရာက ပကတိအတိုင်းပြန်ဖြစ်သွားနေကြတာပဲ
လက်တွေ့တွေလေ…ဒါပေမဲ့
ငါဟာ သူတို့တစ်တွေလိုဘာ့ကြောင့်မဖြစ်တာလဲ
ငါ့အတွက် အချိန်တန်ခဲ့တာ နှစ်တွေကြာနေခဲ့ပြီပဲ 
ဒါတောင် ငါ့စိတ်မှာ မနေ့တစ်နေ့ကလို
အတူရှိနေသေးတယ်လို့ ထင်မှတ်နေတုန်းပါပဲလား
ငါ့ဘာ့ကြောင့် အဲလို စိတ်မျိုး မထားနိုင်တာလဲ
မမေ့နိုင်ရတာလဲ…
တကယ်တော့ အကြောင်းအရာတိုက်ဆိုင်တိုင်း
နင်လဲ သတိရနေမိလိမ့်မယ် လို့ ငါထင်မိပါတယ်
ဘယ်လိုအကြောင်းတွေကြောင့် ငါတို့ ဝေးသွားခဲ့ရပေမဲ့
ငါ့ရင်မှာ ဟိုအရင်အတိုင်း ပဲ ရှိနေသေးတယ်ဆိုတာ
နင်သိရင် သိပ်များ အံ့သြသွားမလား
ဘာပဲဖြစ်ဖြစ်ပေါ့….နင်အံ့သြသည်ပဲ ဖြစ်စေ
မအံ့သြသည်ပဲ ဖြစ်စေ နင့်အတွက် ဘာမှ 
ဖြစ်မလာတော့မဲ့အရာတွေအတွက် နင်လဲ
စဉ်းစားမှာမဟုတ်တော့ပါဘူးနော်…
ဒါကို ငါလဲ ဘာလို့တွေးနေရမှာလဲ 
မဟုတ်ဘူးလား…
တော်ပြီဟာ….မတွေးတော့ဘူး
မျက်စိမှိတ်ပြီး ငါ့နှလုံးသားကို 
ခေတ္တ ခဏ အနားပေးလိုက်တော့မယ်…
ထာဝရ အနားပေးချင်ပေမဲ့
တွေးနေမိတဲ့ နင့်အကြောင်းတွေက
ငါ့နှလုံးသားကို ပူနွေးစေတယ်လေ..
ငါ မစွန့်ပစ်ရက်ဘူး…

(ဒဏ်ရာ)

 

In: ကဗျာ Posted By: Date: Nov 10, 2012
Comment #1

!__!
+_+

commentinfo By: ei lay at Nov 10, 2012
Comment #2

Mike de kwar.
A yann arr kya de.
E lo myo swe saung hmu Shi de Thu phyit chin de.
E lo myo a mye tann yin khone aung loak naing de Thu phyit chin de.

ko Dan yar ko dot arr nar par de naw,,
🙂

commentinfo By: ei lay at Nov 10, 2012
Comment #3

ထာဝရ အနားပေးချင်ပေမဲ့
တွေးနေမိတဲ့ နင့်အကြောင်းတွေက
ငါ့နှလုံးသားကို ပူနွေးစေတယ်လေ..
ငါ မစွန့်ပစ်ရက်ဘူး…

တကယ်တော့…အဲ့လိုခံစားနေရတာကို…မသိစိတ်ကနှစ်သက်သွားတာမျိုးလည်းဖြစ်နေနိုင်တယ်နော်…ဟဲဟဲ…အားပေးသွားပါတယ်

commentinfo By: violet-13 at Nov 10, 2012
Comment #4

တော်တော်ကိုကောင်းပါတယ်နောက်လည်းဒါမျိုးရေးပေးနော် …ဟဲ .. ဟဲ။

commentinfo By: taytzaraung at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment