နောက်ဆုံးသော စကားလေးတွေ….။ ။
နင်လည်း နင့်ဘ၀အတွက် ဆက်ရှင်သန်ပါ
ငါလည်း ငါ့မာနကို ရွက်လွင့်မယ်
ငါတို့ ဘာမှနောက်ထပ် ပတ်သတ်မှုတွေမရှိတော့ဘူးပေါ့….။
နင်လည်း နင့်စိတ်ကြိုက်ရွေးချယ်ပါ
ငါလည်း ငါ့အတ္တအတွက် ကြိုးစားမယ်..
ငါတို့ နှလုံးသားတွေ အသစ်ဖြစ်စေရင်းပေါ့…..။
နင်လည်း နင့်ခံယူချက်အတွက် မွန်းမံပါ
ငါလည်း ငါယုံကြည်ရာကို ကိုးကွယ်မယ်…
ငါတို့ ကမ္ဘာတွေ လှပစေရင်းပေါ့….။
နင်လည်း နင့်ဆုံးဖြတ်ချက်အတွက် ကျေနပ်ပါ
ငါလည်း ငါ့ပြတ်သားခြင်းအတွက် ဂုဏ်ယူမယ်
ငါတို့ ခံစားချက်တွေ အောင်ပွဲခံရင်းပေါ့….။
နင်လည်း နင့် အသစ်ဆိုတာနဲ့ပျော်သလိုနေပါ
ငါလည်း နာကြည်းမှုတွေ အားဖြည့်ယူမယ်….။
ငါတို့ နောင်တတွေ ပပျောက်စေရင်းပေါ့….။
နင်လည်း အတုံ့အလှည့်တစ်ခုကို စောင့်စားပါ
ငါလည်း သတင်းတချို့ကို နားစွင့်ထားမယ်
ငါတို့ ၀ဋ်ကြွေးဆိုတာတွေ ထည့်စဉ်းစားရင်းနဲ့ပေါ့…..။
အလွမ်(ကေသရီ)
Comment #2
အလွမ်း…တကယ်ပြတ်သားသွားပြီးပေါ့ ဟုတ်လားးးးး?
နင်လည်း နင့် အသစ်ဆိုတာနဲ့ပျော်သလိုနေပါ
ငါလည်း နာကြည်းမှုတွေ အားဖြည့်ယူမယ်….။
ငါတို့ နောင်တတွေ ပပျောက်စေရင်းပေါ့….။
အလွမ်းးးးးးကောင်းတယ်။အဲနားလေးပိုကြိုက်တယ်။အားပေးသွားပါတယ်။
 By: poem.poem28 at Oct 14, 2011
                        By: poem.poem28 at Oct 14, 2011
                    Comment #3
အလွမ်းရဲ့ ကဗျာတွေ..တော်တော်များများဖတ်ဖူးတယ်..ကောင်းလည်းကောင်းပါတယ်..
ချစ်မိသူတိုင်းအဲ့ လို ဖြစ်တတ်ပါတယ်….အပေါ်ယံအပြောမှာ..မေ့ သွားပြီ…ဆိုပြီး…ပြော
နေပေမယ်…မမေ့ နိုင်သေးလို့ ..သူ့ အကြောင်းတွေ..ပြန်ပြန်ပါလာတတ်ပါတယ်…
မကျေနပ်ချက်တွေ….ထုတ်ထုတ်ပြမိတတ်ပါတယ်….ကျွန်တော့် အထင်တော့…
 အချစ်ဆိုတာရယူခြင်းတော့မဟုတ်လောက်ဘူး……ပေးဆပ်ခွင့်ကိုရယူခြင်းလို့ ပဲထင်တယ်…..
လောကမှာအချစ်အစစ်ကရှားမယ်ထင်တယ်….(ကျွန်တော့အထင်ပါ) ။
ဘာအကြောင်းကြောင့်ဒါတွေလာပြောနေရတာလဲလို့ မေးရင်..လည်း  ဘာအကြောင်းမှမရှိပါဘူး
ကဗျာဖတ်ပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကိုပြောပြတာပါ..စကားအပြောအဆိုမတတ်လို့ 
စော်ကားသလိုဖြစ်သွားမယ်ဆိုရင်လည်းခွင့်လွှတ်ပေးပါ…အားပေးသွားပါတယ်…။
 By: terry at Oct 14, 2011
                        By: terry at Oct 14, 2011
                    Comment #4
ကဗျာက နာကျည်းမှုသံစဉ်လေးတွေ ရောယှက်တေးသွားတစ်ပုဒ်လိုဘဲ ဖတ်ရတာအသက်ဝင်တယ် အားပေးသွားပါတယ် ။
 By: X - ray at Oct 14, 2011
                        By: X - ray at Oct 14, 2011
                    Comment #5
ကို terry ရေ…….
ခုလို ကဗျာတွေကို ဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူးပါ
ကဗျာတွေကို ချစ်တဲ့အတွက် ကဗျာမစပ်၇ရင် မနေနိုင်ခဲ့ဘူး
သူ့ကို ချစ်နေတုန်းက ချစ်ခြင်း သက်သက်နဲ့ ကဗျာစပ်ခဲ့တယ်…
ခု စိတ်နာမှုတွေကို ကဗျာစပ်တယ်…..ခံစားချက်တွေ သွန်ချနေကျက ဒီကဗျာတွေပဲ ရှိလို့လေ….
ဟုတ်မှာပါ လောကမှာ အချစ်စစ်၇ှားပါတယ်…..
ရယူခြင်းလို့လည်း မသတ်မှတ်လိုပါဘူး………ဒါပေမယ့်…….ပေးဆပ်မှုဆိုတာကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့နော်….။
လူဆိုတာ ခံယူချက်ခြင်းမတူသလို……..ယုံကြည်ရာတွေလည်း ကွဲပြားတယ်လေ…။
မမေ့နိုင်စွာနဲ့ ကဗျာတွေမှာ နာစရာတွေပါကောင်းပါလိမ့်မယ်….။ဘာလို့လဲဆိုတော့……ခံစားချက်ကိုထည့် ကဗျာမစပ်ရရင် မနေနိုင်လို့လေ….။
ရည်ရွယ်သူကလည်း ရသ အလုံးစုံပေးခဲ့တာကို….။
ကျေးဇူးပါ ………ဒီလိုဝေဖန်ချက်လေးတွေ ပေးတဲ့အတွက်….။
 By: အလွမ်း at Oct 15, 2011
                        By: အလွမ်း at Oct 15, 2011
                    Comment #6
နင်လည်း နင့်ဘ၀အတွက် ဆက်ရှင်သန်ပါ
ငါလည်း ငါ့မာနကို ရွက်လွင့်မယ်
ငါတို့ ဘာမှနောက်ထပ် ပတ်သတ်မှုတွေမရှိတော့ဘူးပေါ့….။
နင်လည်း နင့်စိတ်ကြိုက်ရွေးချယ်ပါ
ငါလည်း ငါ့အတ္တအတွက် ကြိုးစားမယ်..
ငါတို့ နှလုံးသားတွေ အသစ်ဖြစ်စေရင်းပေါ့…..။
နင်လည်း နင့်ခံယူချက်အတွက် မွန်းမံပါ
ငါလည်း ငါယုံကြည်ရာကို ကိုးကွယ်မယ်…
ငါတို့ ကမ္ဘာတွေ လှပစေရင်းပေါ့….။
 By: နတ် သ မီး at Oct 15, 2011
                        By: နတ် သ မီး at Oct 15, 2011
                    Comment #7
lone wa ma pyit naing bu.
a tay pe tat like dot.
tay twar yin dot ngar ye nin a paw hmar htar de tan yaw zin tway,myit tar tway  pyat twar hmar par.
ma tay ma chin dot nin ko mei phoe be thu hma ngar ko tar loh ma ya bu.
nin 1 yout de a paw hmar htar de ngar ye tit sar pe.
 By: ei lay at Oct 28, 2011
                        By: ei lay at Oct 28, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ကောင်းတယ် တစ်ယောက်နဲ့ တစ်ယောက်လာမပတ်သက်ကျေးပေါ့
ကဗျာကောင်းလေး ခံစားခဲ့ပါတယ်