Professional Authors

နောက်ဆုံးလက်ဆောင်

ဆူဝေနေတဲ့ အတွေး
မမှီတော့တဲ့ နောက်ကျမှုတွေက
ကျွန်ုပ်အား ထိုးနှက်နေချေပြီ
ဆိုလိုရင်းကင်းမဲ့နေသော မျက်ရည်အချို့ ကို
ကျွန်တော် မထိန်းချုပ်နိုင်တော့
ဘလောင်ဆူနေသော နှလုံးသွေးတို့က
ကျွန်တော့်အား နှိပ်စက်နေကြပြီ
ယုံကြည်မှု မရှိတော့တဲ့
လက်တစ်စုံ
အနာဂါတ်မရှိတော့တဲ့
မျှော်လင့်ခြင်းတို့ဟာ
သူမ ရော ကျွန်တော့်မျက်လုံးမှာ ပါ
အတိုင်းသားမြင်နေရသည်
တိတ်ဆိတ်မှုက သာ ဖုံးလွှမ်းနေပါသည်
ဖြေးညှင်းစွာတိုက်ခတ်နေသောလေညှင်းက
သူမအား ကျွန်တော် မကြာခင်ဆုံးရှုံးရတော့မည်ကို
သတိပေးနေချေပြီ
နာရီသံတွေ က ကျွန်ုပ်တို့နှစ်ဦး အား
ထိုးနှက်နေချေပြီ
ဝေးဝေး မှ လာသော
မင်္ဂလာ အခါတော် ပေးတေးက
ကျွန်တော် နှလုံးသားပါတော်မူသွားသည်ကို
ညည်းချင်းဘွဲ့နေ ဘိသကဲ့သို့ပင်
လက်ချင်းဖြုတ်ကချေပြီ
သူမ အားလာခေါ်သူ များနောက်သို့ သူမပါသွားချေပြီ…
အင်း ဟုတ်သားပဲ
သူမ က သတို့သမီး ပဲ
မင်္ဂလာဆောင် မှာ နောက်ကျနေမှာပေါ့
ဒါဆိုရင် သတို့သားက
ကျွန်တော်မဟုတ်သည်က တော့သေချာသည်
ကျွန်တော့် ခြေအစုံကို ငုံကြည့်မိသည်
ပြေးလိုက်သွားချင်သည်
သို့ပေမယ့် ဦးနှောက်ကငြင်းဆန်နေချေပြီ
ကျွန်တော့်လက် များကိုပြန်ကြည့်မိသည်
သူမ ရဲ့လက်အစုံကို ဆုပ်ကိုင်ချင်မိသည်
ထုံးစံအတိုင်းငြင်းနေပြန်သည်…။
ကျွန်တော့လွယ်အိတ်ထဲတွင် လဲလျောင်းနေသော
ဂရန်းပုလင်း က  ပြုံးပြပြီး ကြိုဆိုနေချေပြီ
အဲ့ဒါ မှန်လားဗျာ
စိတ်ညစ် ရင် သူနဲ့အတူနေဆိုတာ
ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင်ရော……
ကျွန်တော်ဆိုရင် ရော
သူမ အနေနဲ့ရော
သေချာတာ က ကျွန်တော် နှလုံးသားက လက်ဖွဲ့ဖြစ်သွားပြီဆိုတာပဲ
မင်္ဂလာလက်ဖွဲ့ပေါ့ဗျာ….။

In: ကဗျာ Posted By: Date: Dec 11, 2010
Comment #1

ကောင်းတယ်ဗျို့ … လေတိုက်ကြမ်းလှကြီးလား

Comment #2

oh,,,
it isn’t sound great.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment