Professional Authors

နောက်ဆုံးလက်ဆောင်

ဆောင်းတွင်းမှာ ပါးပြင်ပေါ်မိုးတွေရွာချ
အထီးကျန်ဘ၀ထဲက ငါ့ကို
ထပ်ပြီးမနှိပ်စက်ပါနဲ့
နှလုံးသားဒဏ်ရာလတ်လတ်ဆတ်ဆတ်နဲ့
ဒဏ်ရာတွေထဲမှာ ဒူးထောက်ကျရှုံးခဲ့တဲ့
နာကျင်သူတစ်ယောက်ကို
နှလုံးသားနာကျင်စွာ ထပ်မလုပ်ဖို့
ငါမျှော်လင့်ပါတယ်
နှလုံးသားကကျောခိုင်းခဲ့ပေမယ့်
နင့်ရဲ့အရိပ်နဲ့ပြေးလို့မလွတ်နိုင်ပါလား
ငါ့အချစ်တွေအမုန်းကိုပြောင်းလဲတတ်အောင်
သင်ကြားပေးခဲ့တဲ့ နင့်စိတ်ကိုသိပါတယ်
ရင်ခုန်သံမမျှဝေတဲ့နင်
ဒဏ်ရာတွေမျှဝေပြီ
နင်မှန်တယ်ထင်တာတွေလုပ်တတ်တဲ့နင့်ကို
နောက်ဆုံးလက်ဆောင်အဖြစ်
ဝဋဆိုတဲ့အရာကိုလက်ဆောင်ပေးလိုက်မယ်

In: ကဗျာ Posted By: Date: Jan 7, 2011
Comment #1

နှလုံးသားဒဏ်ရာလတ်လတ်ဆတ်ဆတ်နဲ့
ဒဏ်ရာတွေထဲမှာ ဒူးထောက်ကျရှုံးခဲ့တဲ့
နာကျင်သူတစ်ယောက်ကို
နှလုံးသားနာကျင်စွာ ထပ်မလုပ်ဖို့
ငါမျှော်လင့်ပါတယ်
မျှော်လင့်ချက်တွေဟာ
တကယ်တမ်းကျ………………
ဆောင်းအိမ်မက်မှာပျောက်ဆုံးသွားခဲ့ပေါ့……..

commentinfo By: yae wint aung at Aug 15, 2011
Comment #2

hote de,,
wit so tar nout ba wa ma ku bu,,
kou pyu de kan koh htan pyan hmar,

commentinfo By: ei lay at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment