Professional Authors

ဒါပေမယ့်……..

ငါမှားခဲ့တယ်….. ဒါပေမယ့် နောင်တမရချင်ဘူး
ငါချစ်ခဲ့တယ်……ဒါပေမယ့် အသည်းမကွဲချင်ဘူး
ငါမုန်းခဲ့တယ်……ဒါပေမယ့် အမြဲမဟုတ်ဘူး

နင်ညာခဲ့တယ်……ဒါပေမယ့် ငါယုံကြည်ချင်ယောင်ဆောင်ဖူးတယ်
နင်ချစ်ခဲ့တယ်…….ဒါပေမယ့် ထာဝရ မဟုတ်ဘူး
နင်လမ်းခွဲခဲ့တယ်….ဒါပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာနဲ့

ငါတွေ့မိတယ်……ဒါပေမယ့် နင့်ဘေးမှာ ကောင်မလေးတစ်ယောက်
ငါငိုမိတယ်……….ဒါပေမယ့် နောက်ထပ်မရှိမယ့် မျက်ရည်လက်ကျန်
ငါပြုံးမိတယ်………ဒါပေမယ့် နာကျည်းမှု ဟန်ဆောင်မျက်နှာဖုံး

သူတို့နှစိသိမ့်တယ်…ဒါပေမယ့် နောက်ကွယ်က အတင်းပေါင်းများစွာ
တစ်ချို့ပျော်ရွှင်တယ်..ဒါပေမယ့် ၀မ်းနည်းမှု မျက်နှာမျိုး
တစ်ချို့ဝမ်းနည်းတယ်..ဒါပေမယ့် စိတ်ရင်းနဲ့ ဆုတောင်းကြတယ်

ငါအော်ရယ်တိုင်း ပျော်နေတယ်လို့ မမြင်နဲ့
ငါငိုတိုင်းလည်း သေချင်တာမဟုတ်ဘူး …………….
ဒါဟာ လူတွေရဲ့ မျက်နှာဖုံးပဲ

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

ဒါပေမယ့်…..ဒီကဗျာကို မျက်နှာဖုံးမတပ်ဘဲ.အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 28, 2011
Comment #2

really nice…

dar pay me,,,,,,,,,,
dar pay me,,,,,,,,,
dar pay me,,,,,,,,,,,

commentinfo By: ei lay at Nov 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment