နားလည်ပေးပါ.. (၀န်ခံတာင်းဆိုခြင်း)
နားလည်ပေးပါ
ကျွန်တော် မဖြေသိမ့်ပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ဟန်မဆောင်ပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် လမ်းပြမပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ယုံကြည်ဖို့ခက်ခဲနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် စိတ်ဓာတ်ကျ ကြေကွဲနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ဆုံးဖြတ်ဖို့ မလွယ်ကူခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် နှုတ်ဆက်ဖို့ နှောင့်နှေးနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် တောင်းပန်ဖို့ နောက်ကျခဲ့ရင်
နားလည်ပေးပါ
ခင်ဗျားကို နားလည်ဖို့ အဆင်မပြေသေးရင်
နားလည်ပေးပါ
ကျွန်တော့်ကိုယ်ကျွန်တော် ပျောက်ဆုံးနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော့် ကိုလည်း ကျွန်တော်နားမလည်နိုင်ခဲ့ရင်ပေါ့ ။ ။
Comment #2
အားပေးသွားတယ်…..ဗျို့ ……
                        By: terry at Sep 10, 2011
                    Comment #3
နားလည်ပါတယ်….:P
                        By: myat noe at Oct 12, 2011
                    Comment #5
daw daw myar nay p naw,
hint,,,
                        By: ei lay at Dec 2, 2011
                    Comment #6
narr le pay par
kha na kha na chit lun loh ta win to mi yin,,
narr le pay par
kha na kha na ga u sike say chin loh sate kaout mi yin,,
narr le pay par
kha na kha na sate pu loh pyaw mi yin,,
narr le pay par
kha na kha na ta ti ya lun loh msg poh mi yin,,
narr le pay par
kha na kha na ma lo chin hman ma ti ,,lo chin hman ma ti,, present tway pay mi yin,,,
narr le pay par
kha na kha na tway chin loh pu sar mi yin,,
narr le pay par
pyit htar ke hmar soe loh kha na kha na ngo mi ke yin,,
😛
                        By: ei lay at Nov 5, 2012
                    



 
Comment #1
ပေးပါတယ်ဗျာ……….စတာနော်(ဟဲဟဲ)
အားပေးသွားပါတယ်။