Professional Authors

ရလဒ်

ငါ မနက်ဖြန်တွေကို ကိုယ်တိုင်ကြိုးဆွဲကမှ
ဖြည့်မရတဲ့ ကြိုးတွေလို့  ရူပ်ထွေးခဲ့ရ
စတေးပေးခဲ့မိပြီးသား ခံစားချက်မျိုးကို
ပျင်းရှစွာ သတိရနေသလိုမျိုး အရာရာ မပြတ်သားနိုင်ခဲ့ဘူး
ပေးသလောက်နဲ့  မတင်းတိမ်တက်တာကိုက ခက်နေပြီ
ကိုယ်တိုင် မသင်ရဘဲနဲ့  တက်လာတဲ့ ဘေးအမြင်နဲ့ 
ကျွမ်းကျင်စွာ ကျဆုံးမှုတွေက ခဏခဏ အရာယွင်းနေစဲ
နားလည်မှုကို ဖလှယ်ရင်း ရလဒ်က မျှော်လင့်ခြင်းလား
စိတ်ရဲ့ လှုံဆော်မှုနဲ့ မထိမဲ့မြင်လျှောက်လှမ်းခဲ့တဲ့ ခရီးလမ်းမှာ
ခြေလှမ်းတွေ ယိုင်နဲ့ ခဲ့ဖူးတယ်  ……..။
ဘာတဲ့လည်း အရာရာ နောက်ပြန်မလှည့်ဖို့  စိတ်ကူးခဲ့တာ
အမေရဲ့ ၀မ်းထဲကထွက်လို့  လူမှန်းသိတက်စကတည်းကပေါ့…။
အများနဲ့  တယောက် ရဲ့ လှည့်ကွက်တွေမှာ
နိယာမရဲ့သဘောတရားကို ကိုင်ဆောင်လို့ 
ထပ်တူကျမဲ့ တုံပြန်မှုတွေနဲ့  အပြုံးမမဲ့ကြကြေးပေါ့….။

In: ကဗျာ Posted By: Date: Dec 11, 2010
Comment #1

ပေးသလောက်နဲ့  မတင်းတိမ်တက်တာကိုက ခက်နေပြီ

commentinfo By: moehtetaung18 at Dec 11, 2010
Comment #2

အမှန်ပဲ ကို မိုးထက်အောင်ရေ……….:)

commentinfo By: နှောင်းလူ at Dec 12, 2010
Comment #3

I hate laws
I hate rule
I hate tomorrow
But, ::(
I m human being.

commentinfo By: ei lay at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment