Professional Authors

လွမ်းတယ်

လွမ်းတယ်..
တချိန်က တလက်လက်တောက်ပ
ရွမ်းစိုနေတဲ့ ငါ့မျက်လုံးလေးကို လွမ်းတယ်….

ဘာမသိညာမသိနဲ့
မျက်လုံးလေးကြောင်တောင်တောင်နဲ့
ငါကို ထားခဲ့တဲ့ ဒယ်ဒီနဲ့ မာမီကိုလည်း လွမ်းတယ်..

ဘာမှ မကြောက်ဘဲ
ဘ၀ကို ရင်ဆိုင်ရှောက်လှမ်းခဲ့တဲ့
ငါ့ရဲ့ ခြေလှမ်းတွေကိုလည်း လွမ်းတယ်..

ကြမ်းတမ်းတဲ့ ဘ၀ထဲမှာဘဲ
ရှောက်လှမ်းရင်း အားရပါးရ ရီခဲ့တဲ့
ငါ့ရဲ့ သွားတက်လေးကိုလည်း လွမ်းတယ်..

ကျူရှင်မှာ ရှေ့ခုံ နောက်ခုံထိုင်ပြီး
ဆရာအလစ်မှာ စာတိုလေးတွေရေးပြီး
ဘရုပ်ကျခဲ့တဲ့ စီစီမာ ညီစံနဲ့ ကျော်ထူးစိန်ကိုလည်း လွမ်းတယ်.

ရီးစာစာတွေ ပါလာရင်
လက်သီးစာကြွေးတပ်တဲ့ အကိုရဲ့ .
လက်သီးနဲ့ ငါ့ရဲ့ အသံဗြဲအော်သံတွေကိုလည်း လွမ်းတယ်.

ဘ၀ကြင်ဖေါ် ရလာတော့လည်း
ငါ့တို့သားအမိ နေခဲ့တဲ့
ကားဂိုထောင်လေးကိုလည်း လွမ်းတယ်.

ခုတော့ ပြည့်စုံ နေတဲ့ ချိန်မှာ ငါ့မိသားစုလေးနဲ့ ခွဲနေရတဲ့
အင်ဂလန်က သမီးကြီးရယ်
မိသားစုတွေ စုဝေးတိုင်း အမေနင့်ကို လွမ်းတယ်.(ဖြူဖြူစိုး…17.7.2014)
Photo: လွမ်းတယ်.. တချိန်က တလက်လက်တောက်ပ ရွမ်းစိုနေတဲ့ ငါ့မျက်လုံးလေးကို လွမ်းတယ်…. ဘာမသိညာမသိနဲ့ မျက်လုံးလေးကြောင်တောင်တောင်နဲ့ ငါကို ထားခဲ့တဲ့ ဒယ်ဒီနဲ့ မာမီကိုလည်း လွမ်းတယ်.. ဘာမှ မကြောက်ဘဲ ဘ၀ကို ရင်ဆိုင်ရှောက်လှမ်းခဲ့တဲ့ ငါ့ရဲ့ ခြေလှမ်းတွေကိုလည်း လွမ်းတယ်.. ကြမ်းတမ်းတဲ့ ဘ၀ထဲမှာဘဲ ရှောက်လှမ်းရင်း အားရပါးရ ရီခဲ့တဲ့ ငါ့ရဲ့ သွားတက်လေးကိုလည်း လွမ်းတယ်.. ကျူရှင်မှာ ရှေ့ခုံ နောက်ခုံထိုင်ပြီး ဆရာအလစ်မှာ စာတိုလေးတွေရေးပြီး ဘရုပ်ကျခဲ့တဲ့ စီစီမာ ညီစံနဲ့ ကျော်ထူးစိန်ကိုလည်း လွမ်းတယ်. ရီးစာစာတွေ ပါလာရင် လက်သီးစာကြွေးတပ်တဲ့ အကိုရဲ့ . လက်သီးနဲ့ ငါ့ရဲ့ အသံဗြဲအော်သံတွေကိုလည်း လွမ်းတယ်. ဘ၀ကြင်ဖေါ် ရလာတော့လည်း ငါ့တို့သားအမိ နေခဲ့တဲ့ ကားဂိုထောင်လေးကိုလည်း လွမ်းတယ်. ခုတော့ ပြည့်စုံ နေတဲ့ ချိန်မှာ ငါ့မိသားစုလေးနဲ့ ခွဲနေရတဲ့ အင်ဂလန်က သမီးကြီးရယ် မိသားစုတွေ စုဝေးတိုင်း အမေနင့်ကို လွမ်းတယ်.(ဖြူဖြူစိုး…17.7.2014)

In: ကဗျာ Posted By: Date: Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment