Professional Authors

ရင်ခွင်ဟောင်း

ရင်ခွင်ဟောင်း

 

နှလုံးသားဗဟိုချက်

ဦးတည်ရာ သူ ရှိတဲ့နေရာ…

 

မျက်ဝန်းချင်းဆုံ အကြည့်ချင်းပြိုင်လို့

ရင်ခုန်သံတွေ ညံခဲ့ကြတဲ့နေရာ

သူ ရှိနေသေးတဲ့နေရာ…

 

ခံစားချက်တို့ ဖူးပွင့်ဝေဆာ

ချစ်သမိုင်းတို့ ရေသားသီကုံးရာ

တို့နှစ်ဦး အတူရှိခဲ့ဖူးသော နေရာ…

 

သြော်….

ရင်မှာ တ တိုင်း လွမ်းမျှော်ရသည်မို့

အခွင့်သာရင် အရောက်ပြန်ချင်သေးရဲ့

ကမ်းလင့်လို့ ကြို အနမ်းတစ်ပွင့်

ပျိုးမှာလား… ချစ်သူ…။     ။

In: ကဗျာ Posted By: Date: May 26, 2012
Comment #1

wowwwwwwwwww wowwwwwwww
really cute.
i like it.

commentinfo By: ei lay at May 26, 2012
Comment #2

Nice …….

commentinfo By: May Kha at May 27, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment