Professional Authors

ဒေါသကို အရည်ကျိုသောက်တဲ့နေ့

အိပ်ဆေးတွေ

အခါခါသောက်သော်လည်း

ညဥ့်ငှက်တစ်ကောင်သာ ဖြစ်ခဲ့ရ

လက်တစ်ဆစ်စာ ရယူမှုနဲ့ ရောင်ရဲသူပါ

ဒါတောင် ငါ့အတွက်မှ

လက်ညိုးတွေများ စကားတွေလွင့်

တံလှပ်ကို ရေထင်ခဲ့တဲ့ငါ

ကျိုကျဲကျဲ အခွင့်လမ်းကို

မရမကဖမ်းရင်း

မိုးလင်းခဲ့တာ အကြိမ်ကြိမ်

ခြေလှမ်းတွေများသလောက်

ခရီးမရောက်ခဲ့ပါဘူး

မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ

နောက်ဆုံးတော့

ဒေါသကိုသာ

အရည်ဖျော်သောက်ခွင့်ရသူပါဗျာ ။

Comment #1

ကျိုကျဲကျဲ အခွင့်လမ်းကို

မရမကဖမ်းရင်း

မိုးလင်းခဲ့တာ အကြိမ်ကြိမ်

ခြေလှမ်းတွေများသလောက်

ခရီးမရောက်ခဲ့ပါဘူး …

ကျွန်တော့်အတွက် ရေးထားတာလား … မင်းခန့်သူ

Comment #2

လက်ညိုးတွေများ စကားတွေလွင့်

တံလှပ်ကို ရေထင်ခဲ့တဲ့ငါ

ကျိုကျဲကျဲ အခွင့်လမ်းကို

မရမကဖမ်းရင်း

မိုးလင်းခဲ့တာ အကြိမ်ကြိမ်

ခြေလှမ်းတွေများသလောက်

ခရီးမရောက်ခဲ့ပါဘူး

ကောင်းပါသည်။

commentinfo By: နရီထက် at Dec 22, 2010
Comment #3

တူတူပါဘဲ ကောင်းပါတယ် အားပေးသွားတယ်နော်

commentinfo By: Su Han at Dec 22, 2010
Comment #4

same

commentinfo By: ei lay at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment