Professional Authors

ခွဲရမဲ့ ရှင်နဲ့ ကျမ

ခွဲ …..ခွာ…..ချိန်…

ရုတ်တရက် ကျမ နှုတ်ဆက်တယ်

ပြန်လာပါ့မယ် ..ကို..။။

ဘ၀ အတွက်

ခဏ ကို စတေးကြမယ်..။။။

သုခ အတွက်

တဒင်္ဂလောက်

ဒုက္ခရောက်မယ်။။။။။

ဗြောင်းဆန်နေအောင် လွမ်းလဲ

အကြောင်းကံ ကိုက ဒီလိုမို့ပါ။။။

တနေ့စာလောက် ဝေးတိုင်း

တနှစ်စာလောက်လွမ်းတတ်တာ

ရှင် မှ လား..။။။။။။

အင်း …ရောက်လာမယ့်

ပန်းနုရောင်နေ့တွေ

အပြာရောင်ညတွေပဲ

ကျမတော့ မျှော်တယ်။။။။။

သည်းထန်နေမဲ့ အလွမ်းတော့

နည်းနည်းလေးလောက် ကြောက်တယ်။။။။။။

မဖြုံပါဘူး အလွမ်းဒဏ်.

ကြံ့ကြံ့ ခံဖို့ ပြင်ထားတယ်။။။။

မငိုရက်ဘူး ရှင့်ရှေ့မှာ

ကပ်တိုးလေးတော့ မျက်ရည်ဝဲတယ်။။။။။

ထားခဲ့ရက်တာ ဟုတ်ဘူးကို

မထားချင်ဘဲ ထားခဲ့ရတာ..

ဟင့်အင်း ခဏမျှ သာ။။။။။။

နားလည် ပေးတဲ့ တခဏ အတွက်

တဘ၀ စာလုံး ပေးဆပ်မှုတွေ

ထွေးပိုက်ပီး ပြန်ခဲ့မယ်

ဒီအတိုင်းလေးစောင့်နေ။။။။။။။

အလွမ်း….မျက်ရည် …

နာ…ကျင်…..မှု..

တမ်း…တ….နွမ်းလျ မှုတွေ

၂နှစ်တာအောက်

ကျပျောက်စေရမယ်

ယုံ။။။။

မေတ္တာ ..သစ္စာ

အကုန် ပုံပေးလို့

ခိုင်ခိုင်မာမာကြီး

ပြန်ယုယ မယ်

                                                                      ခွဲ ခွာရမဲ့ ရှင်နဲ့ ကျမ

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

wow,,,,,,,,,,
mike de,,,,,,

commentinfo By: ei lay at Aug 22, 2011
Comment #2

မတတ်သာလို့ခွဲရမယ်ဆိုတော့လည်း ဘာတတ်နိုင်ပါ့မလဲ ဒါပေမယ့် ကဗျာမှာပြောထားတဲ့အတိုင်း သစ္စာ နဲ့ မေတ္တာကို မြဲမြဲကိုင်ထားဖို့တော့လိုမယ်ဗျ ကဗျာလေး အရေးအသားရှင်းတယ် ကောင်းတယ် အားပေးသွားတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #3

အိလေး အာပေးလို့ ကျေးဇူးတင်ပါတယ်

commentinfo By: Than Yaw Zin at Aug 22, 2011
Comment #4

X-ray ..ပြောသလိုဖြစ် နိုင်ကောင်းပါတယ်

commentinfo By: Than Yaw Zin at Aug 22, 2011
Comment #5

မေတ္တာ ..သစ္စာ

အကုန် ပုံပေးလို့

ခိုင်ခိုင်မာမာကြီး

ပြန်ယုယ မယ်

ခွဲ ခွာရမဲ့ ရှင်နဲ့ ကျမ

Comment #6

၇ိုး၇ိုးလေးနဲ့  မိုက်တယ်
အားပေးသွားပါတယ်ဗျာ

commentinfo By: Red Demon at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment