Professional Authors

ဘ၀ရဲ့သခင်

ပျော်စရာ အချိန်တွေ
ပျော်စရာ အမှတ်တရတွေ
ဖန်ဆင်းနိုင်ခဲ့တဲ့ အချိန်တွေကို
ပုံဖော်ပေးခဲ့တဲ့ မင်းကိုကျေးဇူးတင်ပါတယ်
မဖြစ်နိုင်မှန်းသိလို့
တို့ နှစ်ဦးကြားမှာ တံတိုင်းအချို့ က
ကာ ဆီးထားကြ လေရဲ့
သာမန် အတိုင်းဆိုရင် တော့
မင်း နဲ့ ငါ ကြားထဲမှာ ရှိတဲ့
ဘယ်အတားအဆီးကို မဆို
ငါ့စိတ် ငါ့ကိုယ် ငါတတ်စွမ်းသရွှေ့ပေါ့
ငါကျော်လွှားနိုင်မှာပါ
အခု ဟာ က
ယုံကြည်မှု နဲ့ သက်ဆိုင်သွားတော့
ငါလည်း မကျော်လွှားနိုင်ဘူးလေ
တကယ် တမ်းဆိုရင်
မင်းဟာ ငါ့ ရဲ့ နှလုံးသားထဲမှာ
အနက်ရှိုင်း ဆုံးနေ ရာကို
ရယူနိုင်တဲ့ မိန်းကလေးပါ
နင်ဟာ ငါ့ရဲ့ ပထမဆုံးဖြစ်သလို
ငါရဲ့ နောက်ဆုံး အချစ်ရဆုံးပါပဲ
နင်နဲ့ ပါတ်သတ်လာရင်
ငါဟာ ခံစားရလွယ်ပေမဲ့
အတတ်နိုင်ဆုံးငါဟန်ဆောင်ခဲ့တယ်လေ
အထူးသဖြင့် မင်းငါ့ရှေ့မှာ
မင်းရဲ့ချစ်သူနဲ့ လက်တွဲ လျှောက်တာတောင်
ငါ ဆုတောင်းပေးခဲ့သေးတာပဲ
မင်းပျော် မယ်ဆို မင်းလိုအပ်မယ်ဆို
ငါ့ရဲ့နှလုံးသားကို ပေးဖို့အဆင်သင့်ပေါ့
ကောင်မလေးရယ် မင်းကို ငါအရမ်းချစ်တယ်
ဘယ်လိုမှ တိုင်းတာလို့မ ရသလို
ဘယ်လိုမှ လဲ မမြင်နိုင်တဲ့ အချစ်မျိုးနဲ့ပေါ့
မင်းပျော်ပါစေ………။

In: ကဗျာ Posted By: Date: Dec 6, 2010
Comment #1

မင်းပျော် မယ်ဆို မင်းလိုအပ်မယ်ဆို
ငါ့ရဲ့နှလုံးသားကို ပေးဖို့အဆင်သင့်ပေါ့
ကောင်မလေးရယ် မင်းကို ငါအရမ်းချစ်တယ်
ဘယ်လိုမှ တိုင်းတာလို့မ ရသလို
ဘယ်လိုမှ လဲ မမြင်နိုင်တဲ့ အချစ်မျိုးနဲ့ပေါ့
မင်းပျော်ပါစေ………။
I like it
thanks a lot
dude
be happy

commentinfo By: လမင်း at Dec 7, 2010
Comment #2

မင်းပျော် မယ်ဆို မင်းလိုအပ်မယ်ဆို
ငါ့ရဲ့နှလုံးသားကို ပေးဖို့အဆင်သင့်ပေါ့
ကောင်မလေးရယ် မင်းကို ငါအရမ်းချစ်တယ်
ဘယ်လိုမှ တိုင်းတာလို့မ ရသလို
ဘယ်လိုမှ လဲ မမြင်နိုင်တဲ့ အချစ်မျိုးနဲ့ပေါ့
မင်းပျော်ပါစေ………။ စွန့် လွှတ်အနစ်နာ ခံတက်တဲ့  အချစ်မျိုးလား ..ရိုးသားဖျြူစင်ပါတယ်..။

commentinfo By: နှောင်းလူ at Dec 7, 2010
Comment #3

so much generous.
so much kind-hearted.
so much pure.
so much love.

doesn’t she notice u anymore?
what kind of girl she is?

lots of strange things in the world naw,,huh,,,,,,,,,

commentinfo By: ei lay at Aug 9, 2011
Comment #4

မင်းပျော် မယ်ဆို မင်းလိုအပ်မယ်ဆို
ငါ့ရဲ့နှလုံးသားကို ပေးဖို့အဆင်သင့်ပေါ့
ကောင်မလေးရယ် မင်းကို ငါအရမ်းချစ်တယ်
ဘယ်လိုမှ တိုင်းတာလို့မ ရသလို
ဘယ်လိုမှ လဲ မမြင်နိုင်တဲ့ အချစ်မျိုးနဲ့ပေါ့
မင်းပျော်ပါစေ………။ကြိုက်တယ်ဗျာ .. အားပေးသွားပါတယ် ..လေကြီးမိုးကြီးရေ ..ဟိဟိ

commentinfo By: chityellusoelay at Aug 18, 2011
Comment #5

really admire.

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment