Professional Authors

ဘ၀ရဲ့ ဒိုင်ယာရီ

 အိပ်မက်တွေ မက်ခွင့်မရှိဘူး….
 လက်တွေ့ဆန်ဆန်နေ့ရက်တွေထဲမှာ
 စိတ်ကူးယဉ်မှုဆိုတဲ့အရာက
ငါ့ကို လှောင်ရယ်နေတတ်တယ်…။

အချစ်အတွက် ပျော်ရွှင်ခွင့်မရှိဘူး……
ဂုဏ်ဒြပ်တွေ ကြီးစိုးမှုအောက်က
ချစ်သူရဲ့တွေဝေမှုတွေအတွက်
ငါ ရင်ကွဲနာ ကျနေရတယ်…..။

ရွေးချယ်ခွင့်တွေ မရှိဘူး
 ငြင်းပယ်လို့မရတဲ့ အခြေအနေတွေကြောင့်
ငါ့ယုံကြည်မှုတွေအကုန် ဖျော့တော့နေဆဲဖြစ်တယ်….။

 ဖြစ်ချင်နေတာ ဘာလဲ ငါမသိဘူး
ရုန်းကန်နေရတဲ့ဘ၀ထဲမှာ
လိုအပ်မှုတွေအနောက်လိုက်ရင်း…..
ငါ ခြေကုန်လက်ပန်းကျလို့နေတယ်….။

ဆုတောင်းဖို့အတွက် ခံစားချက်မရှိဘူး
 ပုံသေကားချပ်တစ်ခုထဲမှာ
ငါ့လိုအင်ဆန္ဒတွေ တဖြည်းဖြည်း အားနည်းလို့လာတယ်…။

မျှော်လင့်ချက်တွေ ဘယ်မှာလဲ ငါမသိဘူး
တစ်ရက်နဲ့တစ်ရက် နက်ရှိုင်းလာတဲ့ဝမ်းနည်းမှုတွေထဲ
ရှင်သန်လိုခြင်းတွေ ပျောက်ရှလာတယ်….။

အားငယ်…အရှုံးပေးဖို့လည်း မဖြစ်နိုင်သေးဘူး
ကိုယ်ထူမှ ထလို့ရမယ့် မနက်ဖြန်တွေအတွက်
 ဘာတွေပဲဖြစ်ဖြစ် ငါ….ရှေ့ဆက်နေရဦးမှာ ဖြစ်တယ်……။

ကေသရီ

In: ကဗျာ Posted By: Date: Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment