Professional Authors

ဘ၀ရဲ့သခင် (မင်းကိုချစ်တဲ့သူ)

တိတ်တဆိတ် ညတွေထဲ

အလွမ်းတွေကို ကဗျာဖွဲ့

အတွေးတွေကို နယ်ချဲ့လို့

သူ့ရှိတဲ့နေရာ အပြေးလာခဲ့တယ် (အိပ်မက်)…

 

စိတ်ကူးယဉ် ကမ္ဘာလေးထဲ

သူ့ရဲ့လက်ကလေးကိုတွဲလို့

ဆည်းဆာအလှ ရှုစားရချိန်မှာ

ကျနော်ဟာ ကမ္ဘာပေါ်မှာ

အပျော်ဆုံးလူသားပါပဲ

 

ပြုစားခံထားရတဲ့ နှလုံးသားလို

သူ့စကားကို ထပ်ကြပ်မကွာ

သူ့အနားမှာ ခစားချင်တဲ့

သိပ်ချစ်ရတဲ့ ကောင်မလေးရယ်

တနေ့ထပ်တနေ့ ချစ်တထပ်ချစ်ပါပဲ

 

မဟူရာ ညနက်နက်ထဲမှာ

လမ်းပျောက်နေသူပမာ

အမှတ်တမဲ့ ဆုံတွေခဲ့တဲ့

ကောင်းကင်ထက်က ကြယ်တစ်စင်းဟာ

မရေမရာ ကျနော့်ဘ၀ကို

လမ်းပြပေးတဲ့ လမ်းပြကြယ်လေးပါပဲ

 

အတူသွား အတူလာ

အတူတူရှိနိုင်မယ့် အချိန်ကို

အတူတူ ဆုပန်ရင်း

မဆုံမခြင်း မလှမပဘ၀ကို

ဝတ္တရားအရ ဖြတ်သန်းရင်း

စိတ်ထဲကနက်နက်နဲနဲ လွမ်းတယ်

 

သူလိုသမျှ ပေးဆပ် 

သူပျော်ရင် ကျေနပ်

သူ့ငိုရင် အနေခက်ပေမယ့်

ဆုံခွင့်ရှိမရှိ ကျနော်မသိ

ယုံသင့်မယုံသင့် ကျနော်မသိ

ပုံအပ်ချစ်မိ ကျနော်သိသည်

သူသာလျှင် ကျနော့်ဘ၀ရဲ့သခင်

In: ကဗျာ Posted By: Date: Jun 10, 2012
Comment #1

ကြိုက်လွန်းပါ၏…Share သွားပါသည်…

commentinfo By: Ko Phyo at Jun 10, 2012
Comment #2

touching to my heart

commentinfo By: ei lay at Jun 10, 2012
Comment #3

Ko Phyo -> share ပါ… ရပါတယ်…
ei lay -> thx u so much…

commentinfo By: deadxromeo at Jun 10, 2012
Comment #4

တစ်ဘက်သတ် ချစ်ခြင်း……ပေးဆပ်ခြင်းများစွာနဲ့…..

commentinfo By: moezat at Jun 11, 2012
Comment #5

သူလိုသမျှ ပေးဆပ်

သူပျော်ရင် ကျေနပ်

သူ့ငိုရင် အနေခက်ပေမယ့်

ဆုံခွင့်ရှိမရှိ ကျနော်မသိ

ယုံသင့်မယုံသင့် ကျနော်မသိ

ပုံအပ်ချစ်မိ ကျနော်သိသည်

သူသာလျှင် ကျနော့်ဘ၀ရဲ့သခင်…

commentinfo By: Village chat kyi at Jun 12, 2012
Comment #6

ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်…

Comment #7

1 nae htet 1 nae chit ta htet chit par be,

commentinfo By: ei lay at Jun 13, 2012
Comment #8

🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment