Professional Authors

ရင်ဘတ်ပေါ်မှာစိုက်မိတဲ့သစ်ပင်

ချစ်ခြင်းမေတ္တာကို
ရင်ဘတ်ပေါ်မှာ သစ်ပင်လိုစိုက်ခဲ့
ပြန်ဆွဲနှုတ်လိုက်ရတဲ့အခါ
နှလုံးသားတစ်ခုလုံးပါသွားတယ်။

အချစ်ဟာ
ဓားအိမ်ထဲဓားတစ်လက်ပါကွယ်
နှလုံးသားကိုထိရှလာမှာသိရက်နဲ့
အဲဒီဓားကို ငါဆွဲထုတ်ခဲ့တာပါ။

ဘ၀က
ကြေကွဲမှုတွေနဲ့ပဲပြည့်နေရတော့မယ့်
အခန်းကျဉ်းလေးလား..
ဟေ့…နတ်ဆိုးတွေ
ငါ့ကို
တံ…ခါး…ဖွင့်…ပေး…ကြ…စမ်း..။   ။

In: ကဗျာ Posted By: Date: Dec 2, 2010
Comment #1

အားပေးနေပါတယ်ကိုနိုင်ကြီးရေ…..

commentinfo By: moehtetaung18 at Dec 3, 2010
Comment #2

ကျေးဇူးပါဗျာ

commentinfo By: နိုင်ကြီး at Dec 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment