Professional Authors

တစ်ခါတုန်းက ၁၄ ဖေဖ၀ါ၇ီ

ငါလေ…သိလား
ဆုတောင်းပေးတယ်
နှလုံးချင်းထပ်မျှ
ချစ်ခင်ကြပါစေ
ချစ်သူ…

တစ်ခါတစ်လေ လုပ်ချင်တာထက်
လုပ်သင့်တာကို ဦးစားပေးရမယ်လေ
နင်ပြောသလို မပြည့်စုံခဲ့တဲ့လူဟာ ငါ ပေါ့.
     I am not perfect

ဖြူစင်ခြင်းဟာဘာလဲ ?”
အရမ်းလှပါတယ် ချစ်သူ(မေးခွန်းကောလူကော)
ဒါပေမဲ့ မနက်ကတွေ့လိုက်ရတဲ့အပြုံး
နင့်နှုတ်ခမ်းထောင့်မှာ
မာယာတွေ တွဲခိုနေပေါ့
အေးပါ ငါ….
အချိန်ကိုဘဲ အပြစ်တင်ပေးပါမယ်

ချစ်သူ လွန်ခဲ့တဲ့ ၆ နှစ်ကလို
ဖြူစင်ချင်း နဲ့ ပြန်ပွင့်ကြည့်စမ်းပါ

“……………………..”
ဟုတ်ပါတယ်
ငါအရင်လို ဘ၀ ထဲမှာပါဘဲ
နင့်အကြည့် လက်ထဲမှာ ဘာပါလဲ
ငါသိပါတယ်

ဟုတ်တယ် “ချစ်သူ  ဟုတ်တယ်
အပေါစားဆိုပေမဲ့
ငါ့ရဲ့ ၂၀၀ တန် Black Coffee က
အမှတ်တရများစွာ နဲ့ ရိုးသားမှု့ကို
မနက်တိုင်း ပေးတယ်ဟ

ခု ဘာလုပ်နေလဲ
ကျေးဇုးပါ ချစ်သူ
ငါ့အိပ်မက်ကို ဘ၀ပေါ်မှာ
လောင်းကြေး မထပ်ခြင်လို့ (မထပ်ရဲလို့ မဟုတ်ပါဘူး)
CV ပေါ်မှာ ချမရေးဖြစ်သေးဘူး ချစ်သူ


နှာခေါင်းမရှုံ့ပါနဲ့ ချစ်သူရယ်
ငါ့ကိုယ်မှာ အရင်လို ရနံတွေ ကျန်ပါသေးတယ်


ဂုဏ်ယူပါတယ် ချစ်သူ
ငါ့ ကိုယ် ငါ
ဥယျာဉ်မှူးလို့ မပြောပါဘူး
ငါက ရေလောင်းပေါင်းသင်းအဆင့်ဘဲရှိတာလေ
ဟုတ်တယ် “မာလီ” ပေါ့

မျိုးစေ့မှန်လို့ ပင်သန်တယ်ဆိုပေမယ့်ဟာ
ငါ့ရင်ဘတ်နဲ့ ရင်းပြီး
ပျိုးထောင်ပေးခဲ့တယ်ဆိုတာ   ယုံ..

ရှေ့ဆက်ပြီးတော့ ရော
ပျော်လိုက်တာ ချစ်သူ
နင် ငါ့ကို ဂရုစိုက်တုန်းဘဲ(ငါ့အတွေးပါဟာ)
ငါလား
ငါ့ ၀ါသနာ နဲ့ ငါ ဆက်ရှင်သန်မယ်လေ
ပြီးတော့……

မျက်နှာမမဲ့ စမ်းပါနဲ့ ချစ်သူရယ်
တစ်ချိန်တုန်းက တို့နှစ်ယောက်
အတူတူ လက်ထိုးအန်ဖူးကြတယ်လေ…
နင်ရော ရှေ့ဆက်………”

ငါသွားတော့မယ်
အေးပါ….
ဥယျာဉ်ပိုင်ရှင် နဲ့ တူပါတယ်
အညှာကိုင်ပြီး ပြုံးပြတယ်
ဟုတ်ကဲ့ပါ
ကျ တော့ လက်နဲ့ ပျိုးတဲ့ပန်း  ပါ

ညီလေး…အရံသတိုးသား လုပ်ပေးပါလား
နင့် အကြည့်တွေ ငါသိပါတယ် ချစ်သူ
ငါ နည်းနည်းလေး  မောသွားရုံပါ
ဟုတ်ကဲ့ အကို အကိုတို့ မင်္ဂလာဆောင်ပဲ
ငါ  ဆက်ပြေးပါရစေ ချစ်သူ

နောက်အရိပ်တစ်ခုမတွေ့မချင်းပေါ့
ငါ့ ကန္တာရမှာ အိုအေစစ်က နင်ဘဲရှိတယ်လေ
ငါ့ မြေပုံ ငါသိတာပါ
အားတင်းထား ချစ်သူ
ပြတ်ပြီးသားကြိုးနှစ်ချောင်း ပြန်မဆက်ကောင်းဘူး
ကြည့်စမ်း နင့် မျက်ဝန်း မိုးလေ၀သမှာ
အုံမှိုင်းလာပြီဘဲ

ကဲ တက်….တက်
ချစ်သူတက်လိုက်ပါ
ငါရဲ့ရာသီခွင်မှာ
သတ္တုသံနဲ့ မောင်းတဲ့ရထား
မရှိသေးဘူး
ငါရဲ့ ရာသီဥတုက
နွေလိုပုပြီး ဆောင်းလိုအေးတယ်ကွဲ့
ငွေမိုး မရွာနိုင်ဘူး
ငါ့မှာ မင်းဖတ်ဖို့ ကဗျာတစ်ပိုင်းတစ်စတွေ့ဘဲ များမယ် ချစ်သူ
တက်လိုက်ပါ ချစ်သူရယ်

ငါပြုံးနေတယ် ဟုတ်တယ်
နင့်မျက်တောင်ရှည်ကြီးတွေ
ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်  ဟုတ်တယ်
ဟန်ဆောင်ထား ချစ်သူ
ဟန်ဆောင်ထား……..
တစ်ခါတစ်လေကျတော့
မုသားပါမှ ဘ၀ ဆိုတာချောတဲ့အရာဖြစ်မှာကွဲ့

ညီလေး….၁၄ ရက်နေ့နော် ညီလေး”
“ဗျာ….မတ်လ ၁၄  လားအကို”
“မဟုတ်ဘူး ညီရ ဖေဖေါ်ဝါရီ ၁၄

မညိုပါနဲ့ မိုးရယ်
မညိုပါနဲ့…..

ငါလား
ငါ့ဝါသနာ နဲ့ ငါ ဆက်ရှင်သန်မယ်လေ
ပြီးတော့…
ပြီးတော့….

ဖေဖေါ်ဝါရီ ၁၄

အဲဒီနေ့ က ၀တ်စုံပြည့်နဲ့
ငါ  မင်းရဲ့  သတိုးသား(အရံ)
တစ်ရက် ဖြစ်ခဲ့ဘူးတယ်
                                     

 

In: ကဗျာ Posted By: Date: Feb 9, 2013
Comment #1

you can not love me.

commentinfo By: myintzaw at Feb 9, 2013
Comment #2

ခံစားအားပေးသွားပါတယ်

commentinfo By: loafer at Feb 9, 2013
Comment #3

:'(
:'(
:'(

commentinfo By: ei lay at Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment