ပန်ထိုက်သူ သို့ ——– – ဒီရေလှိုင်း
ပွင့်ဖတ်နီနီ ၊ သင်းရနံ့ ထုံကြည်
 ဂုဏ်သတင်းညီတဲ့ ရွှေနှင်းဆီကို
 ပန်ဆင်ရန် မရည်စူးသူမို့
မခူးဘူးလို့ စဉ်ရည်ရွယ် ။
 အဆင်းကြည်တဲ့ နှင်းဆီနီတစ်ပွင့်
 အစဉ်သာ အပင်မှာတင့်လန်း လှစေဖို့
 မိုးဒါဏ်တွေ မကျ ရအောင်
 ပိုးရန်တွေ မခ ရတောင်
 ရင်တွင်းက ဖြူစင်ခြင်းတွေနဲ့
 ထိန်းစောင့် ကာကွယ် ။
 ပန်ဆင်ရန် အမှန်ထိုက်သူ
 ပေါ်လာခဲ့ရင်တော့
 ပန်ချင်လျှင် တကယ်သာပန်ရအောင်
 ပင့်မြင့်မှာ အစဉ်တင့် လှသွေးကြွယ်တဲ့
 နှင်းဆီငယ် သည်တစ်ပွင့်ကို
 ခူးခြွေလို့ လှစ်ပါလေ ။
 သည်နှင်းဆီ နီတစ်ပွင့်ကို
 ကြည်တင့်စွာ ပန်ဆင်သူမှာ
 မပြစ်ခွာလေ
 မေတ္တာတွေအများနဲ့
 ချစ်ကာလေ သစ္စာမသွေ တန်ဖိုးထား
အမှန်ရိုးသားကာ မြတ်နိုးစေကြောင်း
 ဆုတောင်း ပန်ခြွေ ။ ။ ။ ။
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


