Professional Authors

မျက်မြင်သက်သေမရှိတဲ့ အချစ်

ချစ်သူရေ……….
နင်လက်ဖျစ်လေးတစ်ချက်တီးလိုက်ရုံနဲ့ 
ီဒီခရီးဘယ်လောက်ဝေးဝေး
အပြေးလေးလှမ်းခဲ့ချင်သူပါ
(ငါ့မှာလေ……..)
ဘ၀အမောတွေနဲ့ ယောက်ယက်ခတ်
(နင်……….)
နည်းနည်းလေးတော့ စာနာမှုပေးသင့်ပါရဲ့

ချစ်သူရေ…………
အဲဒီ့အခန်းကျဉ်းကျဉ်းလေးထဲမှာ
ငါ့အချစ်တွေကို သံသယတွေနဲ့ ချည်နှောင်
စကားလုံးတွေနဲ့ ရိုက်နှက်
(ဒီကောင့်ရင်ဘတ်လေ……..)
တဆတ်ဆတ်နဲ့ နာကျင်ခံခက်မိပါရဲ့

ချစ်သူရေ…………
ငါငိုတဲ့မိုးနဲ့  နင်ရေချိုးရက်မှာလား
နင်မယုံကြည်တဲ့တစ်ဖက်ကမ်းမှာ
ငါ့လမ်းတွေကွေ့ ကောက်
ကြယ်စင်တွေခြေရာပျောက်ခဲ့တယ်
အဲဒါလည်း နင်မယုံဘူးဆိုတာတွေးမိပါရဲ့

ချစ်သူရေ………….
သံယောဇဉ်က တိုးလာတဲ့အချစ်
ဒီရင်မှာချည်နှောင်တွယ်ရစ်
နင်လုံးဝမယုံဖြစ်ခဲ့ဘူးနော်…….
……………………………………….
(ငါလေ…….)
လူ………………………..
………………………………………..
ဘုရားစူး လူတစ်ယောက်ပါကွယ့်
ကျိန်တွယ်ပြောရဲခဲ့ပါတယ်…..
…………………………………………..

ချစ်သူရေ………..
နင့်သံသယတွေနဲ့ ပိတ်လှောင်ခံခဲ့ရတဲ့ငါ
နင့်မယုံကြည်ခြင်းတွေနဲ့  ချစ်နေခဲ့မိတဲ့ငါပါ
ငါနင့်ကိုပြောခဲ့တယ်…………
……………………………………………..
သိပ်ချစ်တယ်………
……………………………………………..
နင်ငါ့ကိုပြောခဲ့တယ်…..
……………………………………….
မယုံကြည်ဘူး………
………………………………………………
(ပြောပါချစ်သူရယ်…..)
ငါဘယ်နှစ်ဘ၀ကူးတဲ့အထိ
နင့်ကိုချစ်ပြနေရဦးမှာလဲကွယ်……..
………………………………………………..
အားလုံးပဲဗျာ………………
       ကျေးဇူးအများကြီးတင်ပါတယ်……….
(ကျွန်တော့်ချစ်သူကို ၀ိုင်းပြောပေးကြပါ)
ကျွန်တော်ဘယ်နှစ်ဘ၀ကူးတဲ့အထိ
သူ့ ကိုချစ်ပြနေရဦးမှာလဲလို့ ……….
………………………………………………………….။                                ။

In: ကဗျာ Posted By: Date: Dec 1, 2010
Comment #1

ဘုရားရေ….တကယ်ပဲယူ့ချစ်သူကိုပြေးပြောပေးချင်စိတ်တွေပေါ်မိပါတယ်… ဆက်ချစ်နေပါ…ယူသာတကယ်စိတ်ရင်းမှန်ရင်..တနေ့သူယုံလာမယ်လို့ပြောရဲပါတယ်…. အားမလျော့ပါနဲ့ရှင်.. 🙂

commentinfo By: မေ at Dec 2, 2010
Comment #2

ချစ်သူရေ…………
ငါငိုတဲ့မိုးနဲ့  နင်ရေချိုးရက်မှာလား
နင်မယုံကြည်တဲ့တစ်ဖက်ကမ်းမှာ
ငါ့လမ်းတွေကွေ့ ကောက်
ကြယ်စင်တွေခြေရာပျောက်ခဲ့တယ်
အဲဒါလည်း နင်မယုံဘူးဆိုတာတွေးမိပါရဲ့

commentinfo By: အသဲကွဲမိုး at Dec 2, 2010
Comment #3

ကျေးဇူးတင်ပါတယ်……အစ်မ မေရေ……အစ်မအသဲကွဲမိုးကိုလည်းကျေးဇူတင်ပါတယ်

commentinfo By: moehtetaung18 at Dec 2, 2010
Comment #4

ချစ်သူရေ……….
နင်လက်ဖျစ်လေးတစ်ချက်တီးလိုက်ရုံနဲ့ 
ီဒီခရီးဘယ်လောက်ဝေးဝေး
အပြေးလေးလှမ်းခဲ့ချင်သူပါ

အရမ်းကြိုက်တယ်ဗျာ
ခရီးဘယ်လောက်ဝေးဝေး ရောက်အောင်ပြေးမယ်

commentinfo By: နိုင်ကြီး at Dec 3, 2010
Comment #5

ကျေးဇူးအများကြီးတင်ပါတယ်….ကိုနိုင်ကြီးရေ…..

commentinfo By: moehtetaung18 at Dec 3, 2010
Comment #6

ချစ်သူရေ……….
နင်လက်ဖျစ်လေးတစ်ချက်တီးလိုက်ရုံနဲ့ 
ီဒီခရီးဘယ်လောက်ဝေးဝေး
အပြေးလေးလှမ်းခဲ့ချင်သူပါ
(ငါ့မှာလေ……..)
ဘ၀အမောတွေနဲ့ ယောက်ယက်ခတ်
(နင်……….)
နည်းနည်းလေးတော့ စာနာမှုပေးသင့်ပါရဲ့

commentinfo By: အသဲကွဲမိုး at Jul 22, 2011
Comment #7

ကျေးဇူးတင်ပါတယ်ဗျ…..။

commentinfo By: moehtetaung18 at Jul 22, 2011
Comment #8

သိတယ်ဆိုရင်ဝိုင်းပြောပေးပါတယ်ဗျာ .. ကဗျာနဲ့ထပ်တူခံစားပေးသွားပါတယ်အကို …

commentinfo By: chityellusoelay at Aug 20, 2011
Comment #9

not so much.
only 10…
it’s enough.
he..he,,
just teasing u naw.

really nice poem.

commentinfo By: ei lay at Aug 24, 2011
Comment #10

read 3 times.

commentinfo By: ei lay at Jan 28, 2012
Comment #11

Ma chit dot bu lar loh?
Hint..
Hint…
A chit tway hlaut nay p lar loh?

commentinfo By: ei lay at Dec 2, 2012
Comment #12

:'(
:'(
:'(

commentinfo By: ei lay at Jan 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment