အနှစ်သာရမရှိတဲ့ ဘ၀စာမျက်နှာ (မင်းကိုချစ်တဲ့သူ)
လေခေါ်ရာယိမ်း လေဆောင်ရာတိမ်း
ဘယ်အရာကိုမှ မမှုခဲ့တဲ့သစ်ရွက်လိုမျိုး
ငါ့ဘ၀ဟာလည်း နှစ်ခြမ်းကျိုးခဲ့တယ်
တိတ်ဆိတ်ချက်ကတော့ ဘယ်သူမှမသိခဲ့ဘူး…
ငါစီစဉ်ထားတဲ့ ဒီကမ္ဘာသစ်မှာ
ငါသည်သာ ကဗျာရေးသူ
ငါသည်သာ စာဖတ်သူ
ဘယ်သူမှ ဖိတ်မထားခဲ့လို့
ဘယ်သူမှ မလာပါနဲ့…
ပင့်သက်တချက်တိုင်းမှာ
ငါ့အသက်တပိုင်းပါသွားတယ်
ရှင်သန်ဖို့အသက်ရှူနေရတာထက်
သေနေ့ရောက်ဖို့ အသက်ရှူနေရတာ
ပိုမှန်လိမ့်မယ်…
အဖြစ်အပျက်တိုင်းမှာ
ဖြစ်ပြီးရင် ကောင်းဖို့မရှိ
ပျက်ဖို့ ဖြစ်တည်လားခြင်းတွေပါ
ဒီလိုမမြဲခြင်းတွေ လက်ကိုင်လိုက်တော့
မနက်ဖြန်ဆိုတာ ဝေါဟာရတစ်ခုသာသာပါပဲ….
ကောင်းကင်ပေါ်က လ နဲ့ အက္ခရာ လ ဟာ
ငါတို့တွေရဲ့ ဘ၀တွေလိုပါပဲ
အမြင်မှာ ဆန်းပြားလှပပေမယ့်
ချရေးလိုက်တော့ အတူတူပါပဲ
လောကမှာ မသေမယ့်သူဘယ်သူရှိလဲ…
အပြစ် ဒဏ်ရာတွေ ဗလပွနဲ့
မရေရာမှုတွေ ချခင်းထားတဲ့
ဒီဘ၀ကြီးထဲမှာ
အနှစ်သာရမရှိတော့ပါဘူး
နောက်ဆုံးတော့လဲ အုတ်ခုံမှာ
ကမ္ဗည်းတပ်လို့ ဘ၀ဇာတ်ကို
တခန်းရပ်ရမှာပါပဲ…

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
that’s why,i’d like to pass life happily,peacefully,