Professional Authors

မင်းမရှိတဲ့….၁၄

အဖော်မပါ တစ်ယောက်တည်းငါ
လမ်းလျောက်ရင်း လမ်းပျောက်ခဲ့တဲ့နေ့တွေ
အချစ်ရှာရင်း အချစ်မရှိတဲ့ဘဝနဲ့
အတွေးထဲမှာ လွင့်မျှောနေဆဲပါ

ပဲ့မရှိတဲ့ လှေလို
ရောက်ချင်တာရောက် စိတ်ဖြောင့်နဲ့တော့
မနေလိုက်ပါနဲ့ အမိရယ်.
ချစ်သူများနေ့ ရောက်ရင်လည်း
အဖော်မပါဘဲ ဆက်လျောက်ရမယ်ဆိုတာ
သိသော်လည်း မေ့မရတာ ခက်တယ်……..

သူများတွေ ပျော်နေသလို
ငါလည်း ပျော်ချင်ပါတယ်
လက်ကိုတွဲ မခွဲဘဲ
ရှိချင်ဆိုတာလည်း မင်းသိပါတယ်…..

ပြည့်စုံတယ်ဆိုပေမဲ့ မင်းမရှိတော့
ဆားမပါတဲ့ ဟင်းကို စားရသလိုပဲကွာ
မင်းမရှိတဲ့ ငါဘဝဟာ
ကြမ်းတမ်းပါတယ်…

မင်းမရှိတဲ့ ချစ်သူများနေ့ကို
ငါဘယ်လို ဖြတ်ရမလဲ
ကျောက်ခဲကို ရေညစ်ဆိုသလို
မရှိတဲ့ ခွန်းအားထဲက မင်းပျော်ဖို့ ငါဆုတောင်းပေးပါတယ်….

ခရီးရှည် အိမ်မက်ကိုလည်း
ငါမက်နေဆဲပါ
ပေးခဲ့ဖူးတဲ့ အပြုံးတွေကိုလည်း
ရင်မှာ ထာဝရ သိမ်းထားဆဲပါ..

မင်းမေးတဲ့ စာမေးပွဲ
ဘာကြောင့် ငါမအောင်တာလဲကွာ.
အချစ်ကို ပုံအပ်ပြီး
လာခဲ့ပါတော့ ချစ်သူရေ..
မင်းမရှိတဲ့ ချစ်သူများနေ့
ငါဘယ်လိုလုပ်ရမလဲ

အဝေးရောက် ချစ်သူများအတွက်ပါ…….
                                              စိုး…….

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

ကဗျာလေး ကောင်းတယ်ဆိုတာထက် ချစ်သူများနေ့အတွက်အမှတ်တရကဗျာလေးလို့ပြောရင်ပိုမှန်မယ်ထင်တယ်ဗျ
ကဗျာလေး ခံစားအားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Feb 9, 2012
Comment #2

အားပေးသွားတယ်နော်။

commentinfo By: May Kha at Feb 9, 2012
Comment #3

သူများတွေ ပျော်နေသလို
ငါလည်း ပျော်ချင်ပါတယ်
လက်ကိုတွဲ မခွဲဘဲ
ရှိချင်ဆိုတာလည်း မင်းသိပါတယ်…..

ပြည့်စုံတယ်ဆိုပေမဲ့ မင်းမရှိတော့
ဆားမပါတဲ့ ဟင်းကို စားရသလိုပဲကွာ
မင်းမရှိတဲ့ ငါဘဝဟာ
ကြမ်းတမ်းပါတယ်…

တိုက်ဆိုင်ချက်က ကမ်းကုန်တယ်

commentinfo By: yeko11 at Feb 9, 2012
Comment #4

r pay twar par d,

commentinfo By: ei lay at Feb 9, 2012
Comment #5

“မင်းမရှိတဲ့ ချစ်သူများနေ့ကို
ငါဘယ်လို ဖြတ်ရမလဲ
ကျောက်ခဲကို ရေညစ်ဆိုသလို
မရှိတဲ့ ခွန်းအားထဲက မင်းပျော်ဖို့ ငါဆုတောင်းပေးပါတယ်….

ခရီးရှည် အိမ်မက်ကိုလည်း
ငါမက်နေဆဲပါ
ပေးခဲ့ဖူးတဲ့ အပြုံးတွေကိုလည်း
ရင်မှာ ထာဝရ သိမ်းထားဆဲပါ..”

commentinfo By: Myat Noe at Feb 10, 2012
Comment #6

ခရီးရှည် အိမ်မက်ကိုလည်း
ငါမက်နေဆဲပါ
ပေးခဲ့ဖူးတဲ့ အပြုံးတွေကိုလည်း
ရင်မှာ ထာဝရ သိမ်းထားဆဲပါ..

commentinfo By: အသဲကွဲမိုး at Feb 10, 2012
Comment #7

Hint
hint
hint
(

commentinfo By: ei lay at Jan 11, 2013
Comment #8

Thanks to Ma EI, Myat Noe, Yeko11,May kha, and X-ray

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment