Professional Authors

***အားကိုးရာ***

*သမုဒယဆိုတဲ့ တွယ်တာမှုတွေ
  မချုပ်နှောင်ခင်မှာပဲ
  ငါဟာဒူးထောက်ခဲ့ရတာပါ…
*ပေးဆပ်မှု တစ်ခုတည်းနဲ့
  ချစ်ခဲ့တာမဟုတ်သလို
  ပိုင်ဆိုင်ခြင်းဆိုတဲ့
  အာဃာတ တရားလည်း
  ငါ့ရင်ထဲမှာ မရှိခဲ့တာ နင်သိမှာပါ…
*ဒါပေမယ့် ပြောပြခွင့်မရတဲ့
  ချစ်ခြင်း အတိမ်အနက်ကို
  တိုင်းတာကြည့်ရင်
  ပြီးပြည့်စုံမှု မရှိတဲ့ ခံစားချက်တွေဟာ
  အတိုင်းထက်အလွန်ပေါ့…
*တကယ်ဆိုရင်
  လင်းတစ်လှည့် မှိန်တစ်လှည့် ဖြစ်နေတဲ့
  ငါတို့ရဲ့ စာမျက်နှာကလေးတွေ
  ရှေ့ဆက်နိုင်ဖို့အတွက်
  သံယောဇဉ်ကြိုးကလေးကိုပဲ
  အားကိုးရတော့မှာပါ…
*တကယ်လို့
  မင်းမှာ ငါ့ကိုထပ်ချစ်လာနိုင်တဲ့
  အင်အားရှိလာခဲ့ရင်
  ငါ့အချစ်တွေကို
  တောက်ပတဲ့ စာမျက်နှာလေးတွေအတွက်
  ပေးဆပ်ဖို့အသင့်ပါ…။

In: ကဗျာ Posted By: Date: Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment