Professional Authors

သပြေသီးကောက် (မင်းသုဝဏ်)

ဝါဆိုဝါခေါင်ရေတွေကြီးလို့၊
သပြေသီး မှည့်ကောက်စို့ကွယ်။
ခရာဆူးချုံဟိုအထဲက၊
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာချိုနဲ့လားကွဲ့၊
မြွေနဂါးတောင်ကြောက်ဖူးကွယ်။
တို့လဲကြောက်ပေါင်အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊သွားကွယ်၊

မင်းသုဝဏ်

/*****************************************************************************/
Rose Apple Gathers

July, August— rain and flood—
Let’s go pick the ripe rose apple.

Hi! Take care! In thorns and mud,
That’s where big, black leeches grapple.

Leeches? Pah ! The hornless things!
I’ll fight snakes or serpent-kings.

Who’s afraid? Let’s all go now.
I’ll just  leave my coconut cow.
    Come on! Come on!

G.H.L

/*
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က တူကလေး တူမကလေးတွေအတွက် ဘိုးဘိုး ဒီကဗျာကလေးတွေ ရေးခဲ့တယ်။

ကွယ်လွန်သူ ဦးဘဥာဏ် ဆိုတဲ့ ပန်းချီကျော်ကြီးက အရုပ်တွေ ရေးပေးတယ်။ ဘိုးဘိုးရဲ့ ဆရာများဖြစ်ကြတဲ့ ကွယ်လွန်သူ “ကေ(ဦးခင်ဇော်)” နဲ့ ကလေးတွေကို အင်မတန် ချစ်တတ်တဲ့ “ပါပါကြီး” (ပါမောက္ခ လုစ်) တို့က ဘိုးဘိုးရဲ့ ကဗျာကလေးတွေကို

သီချင်းသံ သွင်းပေးတယ်။ အသံလက္ခဏာတွေနဲ့ ရေးပေးတယ်။ အင်္ဂလိပ်လိုလည်း ပြန်ရေးပေးတယ်။

အခုတော့ ဘိုးဘိုးလဲ အသက် ၉၃နှစ်ရှိပြီ။ (၁၀၊၂၊၁၉၀၉)။ မြေးကလေး မြစ်ကလေးတို့ကို ရှေးတုန်းက တူ တူမကလေးတွေလိုပဲ ဘိုးဘိုးရဲ့ သီချင်း ကဗျာကလေးတွေကို အပြစ်ကင်းစွာနဲ့ သီဆို ပျော်ရွှင်ကြစေချင်တာကြောင့် အခုတစ်ကြိမ် ကြိုးစားပြီး

ထပ်မံထုတ်ဝေလိုက်ပါတယ်။

မြေးကလေး မြစ်ကလေးများ မနက်ခင်း ချိုးကူသံကလေးလို သာသာယာယာ သီဆိုပျော်မြူးနိုင်ကြပါစေ။

ဘိုးဘိုးမင်းသုဝဏ်
သပြေညို
အမှတ် ၁၈၊ ထွန်းလင်းရိပ်သာ၊ ကမာရွတ်။
၁၃၆၃ ခု၊ တန်ခူးလ။

/*မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ*/

Comment #1

ကျေးဇူးတင်တယ်ဗျာ … ၊ တကယ်ကျေးဇူးပါ ။ ဒီ site ကိုလာရတာ ဒီကဗျာနဲ့ တင် တော်တော်မြတ်နေပါပြီ ။ ဘာကိုလွမ်းလို့ လွမ်းရမှန်းကို မသိတော့ဘူး ။

commentinfo By: ထူးဝေ at Mar 4, 2011
Comment #2

မူလတန်းတုန်းကဘဝကိုပြန်သတိရသွားတယ်… 🙂

commentinfo By: ရွှေငါး at Apr 22, 2011
Comment #3

ဝါဆိုဝါခေါင်ရေတွေကြီးလို့၊
သပြေသီး မှည့်ကောက်စို့ကွယ်။
ခရာဆူးချုံဟိုအထဲက၊
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာချိုနဲ့လားကွဲ့၊
မြွေနဂါးတောင်ကြောက်ဖူးကွယ်။
တို့လဲကြောက်ပေါင်အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊သွားကွယ်၊….။။။။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment