Professional Authors

ကြွက်ကလေး (မင်းသုဝဏ်)

ကြောင်ကလေးက ဗေဒင်တွက်လို့၊
ကြွက်ကလေးက ချောင်မှာခို၊
မျက်ရည်တောက်တောက်ယို။
မငိုပါနဲ့ကြွက်ကလေး။
ဗေဒင်ဆရာအတွက်မှားလို့၊
စပါးကျီအိုကြိုအကြားကို၊
သွားပြီကွဲ့လေး။

မင်းသုဝဏ်

Mouse
 
Scratch, scratch, scratch, scratch,
Pussy her claws she is trying.
Drip ! Drop! Tears drop;
Mouse in her corner is crying.
Don’t cry little mouse,
Puss has left the house,
She’s gone to her nook
In the old barn; look!

/*
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က တူကလေး တူမကလေးတွေအတွက် ဘိုးဘိုး ဒီကဗျာကလေးတွေ ရေးခဲ့တယ်။
ကွယ်လွန်သူ ဦးဘဥာဏ် ဆိုတဲ့ ပန်းချီကျော်ကြီးက အရုပ်တွေ ရေးပေးတယ်။ ဘိုးဘိုးရဲ့ ဆရာများဖြစ်ကြတဲ့ ကွယ်လွန်သူ “ကေ(ဦးခင်ဇော်)” နဲ့ ကလေးတွေကို အင်မတန် ချစ်တတ်တဲ့ “ပါပါကြီး” (ပါမောက္ခ လုစ်) တို့က ဘိုးဘိုးရဲ့ ကဗျာကလေးတွေကို
သီချင်းသံ သွင်းပေးတယ်။ အသံလက္ခဏာတွေနဲ့ ရေးပေးတယ်။ အင်္ဂလိပ်လိုလည်း ပြန်ရေးပေးတယ်။
အခုတော့ ဘိုးဘိုးလဲ အသက် ၉၃နှစ်ရှိပြီ။ (၁၀၊၂၊၁၉၀၉)။ မြေးကလေး မြစ်ကလေးတို့ကို ရှေးတုန်းက တူ တူမကလေးတွေလိုပဲ ဘိုးဘိုးရဲ့ သီချင်း ကဗျာကလေးတွေကို အပြစ်ကင်းစွာနဲ့ သီဆို ပျော်ရွှင်ကြစေချင်တာကြောင့် အခုတစ်ကြိမ် ကြိုးစားပြီး
ထပ်မံထုတ်ဝေလိုက်ပါတယ်။
မြေးကလေး မြစ်ကလေးများ မနက်ခင်း ချိုးကူသံကလေးလို သာသာယာယာ သီဆိုပျော်မြူးနိုင်ကြပါစေ။
ဘိုးဘိုးမင်းသုဝဏ်
သပြေညို
အမှတ် ၁၈၊ ထွန်းလင်းရိပ်သာ၊ ကမာရွတ်။
၁၃၆၃ ခု၊ တန်ခူးလ။

/*မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ*/

Comment #1

ကြိုက်၏…။

commentinfo By: SoFarAwayFromU at Oct 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment