Professional Authors

ဝင်္ကပါ (မင်းသုဝဏ်)

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြ တွန်သံချို။
ဒိုးယိုစီးတဲ့ နဒီတွင်း၊
သမင်ရေသောက်ဆင်း။
မြက်ခင်းလဲ့လဲ့ မြေညီညီ၊
ကံ့ကော်ဝတ်မှုန်စီ။
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊
လူလေး သွားချင်စမ်း။    ။

မင်းသုဝဏ်

Wingaba

Cool and calm’s the peepul’s shade
Sweet the koel’s serenade;
At the flowing river’s brink
Timid deer would come to drink;
All the green and level lawn
Fallen gangaw flowers adorn;

/*
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က တူကလေး တူမကလေးတွေအတွက် ဘိုးဘိုး ဒီကဗျာကလေးတွေ ရေးခဲ့တယ်။
ကွယ်လွန်သူ ဦးဘဥာဏ် ဆိုတဲ့ ပန်းချီကျော်ကြီးက အရုပ်တွေ ရေးပေးတယ်။ ဘိုးဘိုးရဲ့ ဆရာများဖြစ်ကြတဲ့ ကွယ်လွန်သူ “ကေ(ဦးခင်ဇော်)” နဲ့ ကလေးတွေကို အင်မတန် ချစ်တတ်တဲ့ “ပါပါကြီး” (ပါမောက္ခ လုစ်) တို့က ဘိုးဘိုးရဲ့ ကဗျာကလေးတွေကို
သီချင်းသံ သွင်းပေးတယ်။ အသံလက္ခဏာတွေနဲ့ ရေးပေးတယ်။ အင်္ဂလိပ်လိုလည်း ပြန်ရေးပေးတယ်။
အခုတော့ ဘိုးဘိုးလဲ အသက် ၉၃နှစ်ရှိပြီ။ (၁၀၊၂၊၁၉၀၉)။ မြေးကလေး မြစ်ကလေးတို့ကို ရှေးတုန်းက တူ တူမကလေးတွေလိုပဲ ဘိုးဘိုးရဲ့ သီချင်း ကဗျာကလေးတွေကို အပြစ်ကင်းစွာနဲ့ သီဆို ပျော်ရွှင်ကြစေချင်တာကြောင့် အခုတစ်ကြိမ် ကြိုးစားပြီး
ထပ်မံထုတ်ဝေလိုက်ပါတယ်။
မြေးကလေး မြစ်ကလေးများ မနက်ခင်း ချိုးကူသံကလေးလို သာသာယာယာ သီဆိုပျော်မြူးနိုင်ကြပါစေ။
ဘိုးဘိုးမင်းသုဝဏ်
သပြေညို
အမှတ် ၁၈၊ ထွန်းလင်းရိပ်သာ၊ ကမာရွတ်။
၁၃၆၃ ခု၊ တန်ခူးလ။

/*မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ*/

Comment #1

ကောင်းလိုက်တာ
ညောင်ညိုပင်ရိပ်ကလေး ရယ်
စမ်းရေလေးတွေရယ် ရေသောက်လာတဲ့ သမင်ရယ်
ညီညာပြန့် ပြူးနေတဲ့ မြေပြင်လေး နဲ့ မြက်ခင်းစိမ်းစိမ်းလေ့း ပေါ်မှာ ကံ့ကော်ဝတ်မှူန်လေးတွေက စီစီရီရီ
အနီးအနားက ကျောင်းမှာ သူတော်စင် သူတော်မြတ် က တရားကျင့် လို့ 
သွားချင်လိုက်တာ……………………………………

commentinfo By: NC at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment