Professional Authors

ပြန်မလိုချင်တော့တဲ့ ကောင်းကင် – နရီထက်

အနွမ်းလွှမ်းရစ်
ကျန်ရစ်တော့မလိုနှင့်
စုတ်စုတ်ညစ်ညစ်နှင့် တိမ်ပုပ်တွေ
လမ်းလျှောက်ထွက်လာမှာကို မမြင်ချင်ဘူး

အေးမြသက်နှစ်
သည်စမ်းရေပြင်လည်း
ရေများရေနိုင် မီးများမီးနိုင် နည်းနှင့်
အနိုင်စမ်းတဲ့ ပွဲတွေထဲမှာ မနှစ်ဝင်စေချင်ဘူး

တောင်ကြီး ခြေဖ၀ါးအောက်
လှိုင်းများထမဲ့ မီးတောင်ပြိုဆင် မဖြစ်စေချင်ဘူး

ကျားကွက်ရွှေ့တဲ့ အပြုံးတွေက
အမုန်းဟန်ဆောင်များတယ်
မျက်နှာမများတဲ့ ရင်ဘတ်ကြီးက အမှတ်များတယ်

မမွှေးတဲ့ မီးက ပြာပုံမီးခဲတွေလား
မီးခို မရှိတော့ မီးမှန်းမသိကြတယ်
အရှိန်အ၀ါနှင့် တောက်ပနေချင်ကြတယ်

တစ်မိုးအောက်ဆိုပေမဲ့ ရာသီတွေ ပြောင်းတယ်
ကြာလာတော့လည်း သက်ဆုံးတိုင်လို့ ပြောတတ်ကြတယ်

မထားချင်ပေမဲ့ ခွဲခွာရစ်တယ်
သတိမရချင်ပေမဲ့ လွမ်းကျန်တတ်တယ်
ကြာလာတော့လည်း အဆွေးဓါတ်တွေ နှင်းဖွဲ့နေလေတယ်

ဝင်ရိုးစွန်းတစ်ဘက်တစ်ချက်တွေက
ကောင်းကင် စာမျက်နှာတွေလား
ဆက်သွယ်မရတဲ့ ဧရိယာကြီးထဲမှာပဲလား….။      ။

နရီထက်
( ၀၅ ၊ အောက်တိုဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အေးမြသက်နှစ်
သည်စမ်းရေပြင်လည်း
ရေများရေနိုင် မီးများမီးနိုင် နည်းနှင့်
အနိုင်စမ်းတဲ့ ပွဲတွေထဲမှာ မနှစ်ဝင်စေချင်ဘူး……………

commentinfo By: May Kha at Oct 5, 2011
Comment #2

ကျားကွက်ရွှေ့တဲ့ အပြုံးတွေက
အမုန်းဟန်ဆောင်များတယ်
မျက်နှာမများတဲ့ ရင်ဘတ်ကြီးက အမှတ်များတယ်
အားပေးသွားပါတယ်အကိုရေ….

commentinfo By: yaewintaung at Oct 5, 2011
Comment #3

ဝင်ရိုးစွန်းတစ်ဘက်တစ်ချက်တွေက
ကောင်းကင် စာမျက်နှာတွေလား
ဆက်သွယ်မရတဲ့ ဧရိယာကြီးထဲမှာပဲလား….။ ။
ကိုနရီထက် ကဗျာတွေကို စောင့်မျှော် အားပေးနေပါတယ်

Comment #4

good တယ်ဗျာကဗျာကတကယ်ကောင်းတယ်
အားပေးနေကြောင်းပါဗျာ

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 5, 2011
Comment #5

လန်းတယ်ဗျာ..ဒိအပှဒ်တွေရဲ့ စာသားလေးတွေကြိုက်တယ်……
အေးမြသက်နှစ်
သည်စမ်းရေပြင်လည်း
ရေများရေနိုင် မီးများမီးနိုင် နည်းနှင့်
အနိုင်စမ်းတဲ့ ပွဲတွေထဲမှာ မနှစ်ဝင်စေချင်ဘူး

တောင်ကြီး ခြေဖ၀ါးအောက်
လှိုင်းများထမဲ့ မီးတောင်ပြိုဆင် မဖြစ်စေချင်ဘူး

ကျားကွက်ရွှေ့တဲ့ အပြုံးတွေက
အမုန်းဟန်ဆောင်များတယ်
မျက်နှာမများတဲ့ ရင်ဘတ်ကြီးက အမှတ်များတယ်

မမွှေးတဲ့ မီးက ပြာပုံမီးခဲတွေလား
မီးခို မရှိတော့ မီးမှန်းမသိကြတယ်
အရှိန်အ၀ါနှင့် တောက်ပနေချင်ကြတယ်

တစ်မိုးအောက်ဆိုပေမဲ့ ရာသီတွေ ပြောင်းတယ်
ကြာလာတော့လည်း သက်ဆုံးတိုင်လို့ ပြောတတ်ကြတယ်

မထားချင်ပေမဲ့ ခွဲခွာရစ်တယ်
သတိမရချင်ပေမဲ့ လွမ်းကျန်တတ်တယ်
ကြာလာတော့လည်း အဆွေးဓါတ်တွေ နှင်းဖွဲ့နေလေတယ်

ဝင်ရိုးစွန်းတစ်ဘက်တစ်ချက်တွေက
ကောင်းကင် စာမျက်နှာတွေလား
ဆက်သွယ်မရတဲ့ ဧရိယာကြီးထဲမှာပဲလား….။ ။အားပေးနေတယ်နော်………..ကိုကြိး

commentinfo By: thua at Oct 13, 2011
Comment #6

လန်းတယ်ဗျာ..ဒိအပှဒ်တွေရဲ့ စာသားလေးတွေကြိုက်တယ်……
အေးမြသက်နှစ်
သည်စမ်းရေပြင်လည်း
ရေများရေနိုင် မီးများမီးနိုင် နည်းနှင့်
အနိုင်စမ်းတဲ့ ပွဲတွေထဲမှာ မနှစ်ဝင်စေချင်ဘူး

တောင်ကြီး ခြေဖ၀ါးအောက်
လှိုင်းများထမဲ့ မီးတောင်ပြိုဆင် မဖြစ်စေချင်ဘူး

ကျားကွက်ရွှေ့တဲ့ အပြုံးတွေက
အမုန်းဟန်ဆောင်များတယ်
မျက်နှာမများတဲ့ ရင်ဘတ်ကြီးက အမှတ်များတယ်

မမွှေးတဲ့ မီးက ပြာပုံမီးခဲတွေလား
မီးခို မရှိတော့ မီးမှန်းမသိကြတယ်
အရှိန်အ၀ါနှင့် တောက်ပနေချင်ကြတယ်

တစ်မိုးအောက်ဆိုပေမဲ့ ရာသီတွေ ပြောင်းတယ်
ကြာလာတော့လည်း သက်ဆုံးတိုင်လို့ ပြောတတ်ကြတယ်

မထားချင်ပေမဲ့ ခွဲခွာရစ်တယ်
သတိမရချင်ပေမဲ့ လွမ်းကျန်တတ်တယ်
ကြာလာတော့လည်း အဆွေးဓါတ်တွေ နှင်းဖွဲ့နေလေတယ်

။အားပေးနေတယ်နော်………..ကိုကြိး..အိုင်ဒိယာလေး တွေလည်းကောင်းတယ် တပှဒ်ချင်း တပှဒ်ချငိး အတွေးအခေါ်တွေ ကောင်းတယ်။

commentinfo By: thua at Oct 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment