Professional Authors

နောက်ဆုံး

တကယ်တမ်းဆိုရင်
ငါဟာလည်း ယောင်္ကျားတွေထဲ က
ယောင်္ကျားတစ်ယောက်ပဲ…….။
ဘာဖြစ်လို့လဲ
ငါလည်း သူများတွေ ပြောနေကြအတိုင်းပဲ
ငါလည်းပြောတာပဲ………..။
ဘာမှန်းကို မသိတော့ပါဘူး
သေချာတာကတော့………….
ငါလည်းလူထဲက
လူတစ်ယောက်ပဲ……………..။
ငါလည်းချစ်တတ်တယ် ထင်တာပဲ
နင် ကလည်း မိန်းမ တစ်ယောက်ဖြစ်သလို
ငါ ကလည်း ယောင်္ကျားတစ်ယောက်ပဲ
ဘာသီအိုရီ ဘာနည်းဗျူဟာမှ မလိုဘူး
နင်လည်း အိုင်းစတိုင်း မဟုတ်သလို….
ငါကလည်း ပလေတို မဟုတ်ဘူး….
အမှန်ဆို နင် က ငါ့ကို အသလောက်ထိလန့်ဖို့မလိုပါဘူး
ငါ့ မှာ မုတ်ဆိတ် မ ရှိသလို
အိုစမာဘင်လာဒင်နဲ့ ဆဒမ်ဟူစိန်တို့ ကလဲ
ငါ့ အစ်ကို တွေ မှ မဟုတ်တာ
နင်ကို လက်ခံသင့် တယ် လို့ ငါမပြောဘူးနော်………။
ပစ်ပစ် ခါခါ ငြင်းစရာမလိုတာကို ပြောပါတယ်…………
နင် ဟာလဲ တော်ဝင် မင်းသမီးတစ်ယောက် မဟုတ်ခဲ့သလို
ငါက လဲ ခွက်ဆွဲ တစ်ကောင်မှ မဟုတ်တာဟာ……………..။
လောက သဘာဝအတိုင်းဆို
လှ တာတွေ ၊ချောတာတွေ၊ ပြည့်စုံတာတွေ
သြဇာရှိတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ကို
ဘေးကို ဖယ်လိုက် ရင်တော…….
ငါလည်းလူ နင်လည်းလူပဲ
ယောင်္ကျားနဲ့ မိန်းမ ပဲကွာတယ်
နင့်ရဲ့လုပ်ရပ်က
အာဒံနဲ့ ဧ၀ ရဲ့ မျက်နှာကို နုတ်ခမ်းနီနဲ့သုတ်သလိုဖြစ်နေတယ်……
ရိုမီရို နဲ့ ဂျူးလိယက် သိရင် လည်း သေချာတယ်
ပယ်မဲ ပဲ ထည့်မှာပါ
သေချာတာက ငါပြောမယ်…..
နောက်ဆုံးကြရင်နင်လည်းအငွေ့ပဲ
ငါလည်းအငွေ့ပါပဲ
မီးခိုးငွေ့ ပြောပါတယ်
အဲ့ ဒီ ကြရင်တော့ နင်ဘယ်လောက်ပဲငြင်း ငြင်း
လေထုထဲ ကတစ်ဆင့်နင်ငါ့ ရင်ခွင်ထဲ ကို
သေချာပေါက်ရလာပါလိမ့်မယ်……။

In: ကဗျာ Posted By: Date: Nov 28, 2010
Comment #1

သေချာတာက ငါပြောမယ်…..
နောက်ဆုံးကြရင်နင်လည်းအငွေ့ပဲ
ငါလည်းအငွေ့ပါပဲ
မီးခိုးငွေ့ ပြောပါတယ်
အဲ့ ဒီ ကြရင်တော့ နင်ဘယ်လောက်ပဲငြင်း ငြင်း
လေထုထဲ ကတစ်ဆင့်နင်ငါ့ ရင်ခွင်ထဲ ကို
သေချာပေါက်ရလာပါလိမ့်မယ်……။

ကောင်းပါတယ်ဗျာ……..အားပေးနေပါတယ်

commentinfo By: မိုးထက်အောင် at Nov 28, 2010
Comment #2

ha,,ha,,
i can’t stop laughing,
really nice.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment