နောက်ဆုံး ထွက်သက်
လေပူတွေ တိုက်ခတ်လာတယ်
ဖုန်မှုန့်တွေ လေထဲမှာပျံဝဲနေတယ်
မျိုးဆက်သစ် ရွက်သစ်လောင်းတွေ တညွှန့်ညွှန့်နဲ့ ခေါင်းထောင်ကုန်ပြီ
ရွက်အိုတွေ မြေကြီးရဲ့ ရင်ခွင်ထဲကို ခိုဝင်ကုန်ကြပြီ
တစ်နွေပြောင်းခဲ့ပြီ….
ဖုန်မှုန့်တွေနဲ့ ညစ်ထေးနေတဲ့ ကမ္ဘာကြီး
မှုန်ဝါးနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး သစ်လွင်တောက်ပလာအောင်
အေးမြတဲ့ မိုးစက်တွေနဲ့ ဖျန်းပက် ဆေးကြောပစ်လိုက်တယ်
တစ်မိုးပြောင်းခဲ့ပြီ…..
အေးခဲမှုက ကျောရိုးထိစိမ့်တက်လာတယ်
မြောက်ပြန်လေတွေ ငြင်းငြင်းသွဲ့သွဲ့တိုက်ခက်နေတယ်
မြသားစိမ်းစိမ်း မြက်ပင်လေးတွေ နှင်းရည်နှင်းစက် သောက်သုံးကုန်ကြပြီ
တစ်ဆောင်းသစ်ခဲ့ပြန်ပြီ…
နွေ မိုး နှင့်ဆောင်း ဥတုအလီလီ ပြောင်းလဲနေတယ်
နာရီလက်တံလေးလည်း တရွေ့ရွေ့ ….
တရွေ့ရွေ့ …ရွေ့လျားနေတယ်…..
ငါ့ ထွက်သက်လေး…တဖြေးဖြေး….တဖြေးဖြေး…..
တိုးတိတ် ငြိမ်သက်လာတယ်…..
စောင့်မျှော်ခြင်းကို တပ်တပ်မက်မက် ဆုပ်ကိုင်ထားတဲ့
ငါ့ မျှော်လင့်ခြင်းတွေ…တစ်သဲ့သဲ့ ကြွေကျသွားတယ်….
မင်းရှိမယ်ထင်တဲ့အရပ်ဆီ ငါ့စိတ်ဝိညာဉ် ….
ရွေ့လျား ထွက်ခွာသွားတယ်………..
Comment #2
sate ne poh like dar yout le yout bu,
he,,he,,
ya da yar chay ong hma pe.
By: ei lay at Dec 29, 2011




Comment #1
wow,,,
kyike de,,,
a lo lo nay yin ne ko lay de lwint twar ta lo myo lay