Professional Authors

သူ့ဆီမှာ

 

 

 

 

 

 

တိတ်ဆိတ်ကြေကွဲခြင်းစကားလုံးတစ်ချို့  က သူ့ ဆီမှာ

သိမ်မွေ့ နက်ရှိုင်းခြင်း အပြုံးတချို့   က သူ့ဆီမှာ

နှူးညံ့နွေးထွေးခြင်း အကြည့်တချို့  က သူ့   ဆီမှာ

အေးစက်မာကျောခြင်း မာနတချို့  ကသူ့   ဆီမှာ

ခယပျော့ပျောင်းခြင်း ကမ်းလှမ်းမှုတချို့  ကသူ့   ဆီမှာ

လှပညက်ညောခြင်း နှစ်သိမ့်မှုတချို့   ကသူ့ ဆီမှာ

တည်ငြိမ်ရိုးသားခြင်း နားလည်မှုတချို့  ကသူ့   ဆီမှာ

ကျွန်တော့် မပိုင်ဆိုင်နိုင်တဲ့အရာတွေ သူ့   ဆီမှာ

ကျွန်တော်ပိုင်ဆိုင်ချင်သမျှအရာတွေသူ့  ဆီမှာ

သူ့  ဆီမှာ ကျွန်တော် ပိုင်ဆိုင်သမျှတွေလည်းရှိနေတယ်။ ။

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

ကျွန်တော့် မပိုင်ဆိုင်နိုင်တဲ့အရာတွေ သူ့ ဆီမှာ
—————————————————
သူ့ ဆီမှာ ကျွန်တော် ပိုင်ဆိုင်သမျှတွေလည်းရှိနေတယ်။

ကောင်းပါတယ် သူငယ်ချင်း..
ဘေးနားက မျှော်လင့်စောင့်စားနေရသလိုပဲ . . .

commentinfo By: butterfly at Nov 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment