Professional Authors

ထားခဲ့တဲ့နောက်…. (မိုးဇက်)

မခမ်းနားတော့တဲ့ဇာတ်လမ်းတပုဒ်
အလွမ်းတွေနဲ့သိမ်းထုတ်ကာထား
(ငါလေ) တခမ်းတနားလုပ်နေချင်သေးတယ် ကောင်မလေးရယ်….

တကယ်ဆိုရင်လေ
မင်းထားသွားတဲ့နောက်
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်…..

တစ်ခါတစ်လေ…
မင်းဓာတ်ပုံတွေကြောင့်
စနိုးစနောင့်ဖြစ်တာကလွဲရင်
ငါတော်တော်နေသားကျနေပြီလို့တော့ထင်တာပါပဲ။

ဒါပေမယ့်မင်းသိပ်ကြိုက်တဲ့မိုးမိုးသီချင်း
ငါ့အတွက်လွမ်းချင်းများဖြစ်နေသလား
ထားရစ်ခဲ့တဲ့ ကောင်မလေးရယ်…..

♫…♫……♫    “ဒီအချိန်….. ဒီဇင်ဘာ….. ငါလေနှင်းများကြားလွမ်းမိပါသည်….
                     စွန့်ပစ်သွားခဲ့တာအချိန်ကြာပြီ…… စွန့်ပစ်ခဲ့တဲ့ .. ငယ်ချစ်ဦးရေ…..” ♫…♪….♫……♪…..

In: ကဗျာ Posted By: Date: Dec 27, 2010
Comment #1

ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်….

အကိုတော်အလွမ်းသမားကြီးရေ…….
အားပေးနေပါတယ်ဗျာ…….
ညီတော်အလွမ်းသမားလေးက……..
🙂

commentinfo By: moehtetaung18 at Dec 27, 2010
Comment #2

ဟာ အစ် ကို……………ရှင်း ရှင်း လေး နဲက တော် တော် ထိ တယ်ဗျ

commentinfo By: Demon 13 at Dec 27, 2010
Comment #3

ဘီယာခါးခါးကောမသောက်ချင်ဘူးလား ညီလေးရာ…..
demon ရေ ကျေးဇူး….. ခါးခါးလေးတိုက်မယ်… 🙂

commentinfo By: moezat at Dec 27, 2010
Comment #4

မနက်စောစီး ကဗျာဖတ်ရတာ ဖီးလ်ပဲ အကိုတော် မိုးဇတ်ရေ အားပေးသွားတယ် ရှယ်ပဲ မိုက်တယ်..။

commentinfo By: နှောင်းလူ at Dec 28, 2010
Comment #5

ကျေးဇူးပဲနှောင်းလူ….. အဲဒီအားပေးမှုတွေကြောင့်ပဲ ကဗျာတွေရေးဖြစ်နေတယ်ထင်ပါတယ်ကွာ။။။

commentinfo By: moezat at Dec 28, 2010
Comment #6

ဓါတ်ပုံတွေကြောင့် စနိုးစနောင့်ဖြစ်နေရင်လည်း ကျွန်တော့်ပေးလေ အစ်ကိုရာ ကျွန်တော် သိမ်းထားပေးပါ့မယ်ဗျာ…. ခါးခါးကြီးတွေ သိပ်မသောက်နဲ့နော် . . . အသည်းတွေလည်း ကျွမ်းကုန်တော့မယ်..
ညီအစ်ကို အချင်းချင်းမို့ သတိပေးတာပါဗျာ………… သံစဉ်တွေပါတဲ့ ကဗျာလေးပိုင်ရှင် ကိုမိုးဖက်ကြီးကို အမြဲအားပေးလျှက်ပါ။။။

Comment #7

အကိုကြီးးမိုးဇက်…..ညီသောက်ချင်လာပြီ…..အေ့စ်
ကဗျာလှလှလေးတွေနဲ့ ကျွန်တော့်အကိုချောချောကြီး
အသည်းကွဲသမားဘ၀မှလွတ်စေကြောင်း
ဆုမွန်ကောင်းတောင်းလုက်ပါတယ်ဗျာ…..အေ့စ်…
အေ့စ်….
လိပ်ပြာလေးကို့ အကိုရဲ့ချစ်ချစ်လေ…အဲလိုပြောကောင်းဘူး….ဟ
🙂

commentinfo By: moehtetaung18 at Dec 28, 2010
Comment #8

အန်… ကိုမိုးထက်ကြီးကလည်း …. ညီက သိမ်းထားပေးရုံလေးပါပဲ မျက်စိအကြည့် စိတ်လေးနဲ့တောင် မပြစ်မှားပါဘူးဗျာ………….. ကိုမိုးဇက်ကြီးက ညီ့ဆိုယုံပြီးသား ဟီးး

Comment #9

မခမ်းနားတော့တဲ့ဇာတ်လမ်းတပုဒ်
အလွမ်းတွေနဲ့သိမ်းထုတ်ကာထား
(ငါလေ) တခမ်းတနားလုပ်နေချင်သေးတယ် ကောင်မလေးရယ်….

တကယ်ဆိုရင်လေ
မင်းထားသွားတဲ့နောက်
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်…..

တစ်ခါတစ်လေ…
မင်းဓာတ်ပုံတွေကြောင့်
စနိုးစနောင့်ဖြစ်တာကလွဲရင်
ငါတော်တော်နေသားကျနေပြီလို့တော့ထင်တာပါပဲ။

ကောင်းတယ် ကိုမိုးဇက် အားပေးသွားတယ် အဲဒီ သီချင်းတွေက လည်း အမှတ်တ၇ ကျန်နေခဲ့တာကလည်း ဆိုးတယ် ဗျာ……

commentinfo By: genius.jinx28 at Dec 28, 2010
Comment #10

မခမ်းနားတော့တဲ့ဇာတ်လမ်းတပုဒ်
အလွမ်းတွေနဲ့သိမ်းထုတ်ကာထား
(ငါလေ) တခမ်းတနားလုပ်နေချင်သေးတယ် ကောင်မလေးရယ်….

မင်းထားသွားတဲ့နောက်
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်…ရှင်းရှင်းလေးနဲ့ မိုက်တယ် ကိုမိုးဇက်..အားပေးသွားပါတယ်။

commentinfo By: terry at Dec 28, 2010
Comment #11

ဟုတ်တယ်မင်းခန့်ရေ…. သီချင်းတွေကလည်းတော်တော်ဆိုးကွာ… အမှတ်တရတွေဖြစ်နေတော့ခက်တယ်ညီရာ
တယ်ရီရေ…. မခမ်းနားပေမယ့်… အားပေးလို့ကျေးဇူး
လိပ်ပြာတို့ဘာဖြစ်နေကြတာလဲကွာ။။။ သောက်ချင်ရင်တော့ပြောနော်…..

commentinfo By: moezat at Dec 28, 2010
Comment #12

nice ,,,nice,,,

commentinfo By: ei lay at Jan 28, 2012
Comment #13

nice…like…

commentinfo By: zar at Mar 1, 2012
Comment #14

a kwar a way ka chit chin ko ma kwe naing par bu
tan ta ya tway ka tar chit chin ko phyat se pyit kya tar

commentinfo By: ei lay at Sep 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment