Professional Authors

အိမ်လွမ်းသူ…..

ဘ၀အတွေ့အကြုံ အဖုံဖုံကို
ကိုယ်တိုင်မြင်ကြည့် နားလည်သိဖို့
ချစ်ခင်နီးရင်း သူငယ်ချင်းကို
အတိတ်မှာ ခ၀ါချလို့
နယ်မြေရပ်ခြား တိုင်းတပါးမှာ
အခြေချမိတဲ့ငါ ………။

ဒုက္ခရဲ့ ခါးသီးမှုကို
အံတုလို့ နေထိုင်ရင်း
တခါတလေတော့လည်း
မွေးရပ်ဌာနီ မြန်မာပြည်ကို
အောက်မေ့တသ သတိရမိတယ်။

သြော်………..
ဘ၀အတွက် စုန်တစ်ခါ ဆန်တစ်လှည့်
အဖြေရှာရင်း
အိမ်တစ်ခါပြန်ဖို့
မသေချာသလောက်
ဖြစ်နေရတဲ့ ဘ၀ရယ်ပါ။

( ပြည်ပရောက်သူငယ်ချင်းအားလုံးကျွန်တော်နှင့် ထပ်တူကျမယ်လို့ မျော်လင့်ပါတယ်…..)

In: ကဗျာ Posted By: Date: Dec 26, 2010
Comment #1

ကောင်း၏……:)

commentinfo By: moehtetaung18 at Dec 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment