အရူး တစ်ယောက်ရဲ့  အသဲကွဲ ပြတိုက်
(၁)
ငါ သတိရခြင်း များစွာနဲ့ 
ဖွင့်ဖောက် ဖတ်မိတဲ့ နင့်ရဲ့ စာတစ်စောင်
မညီညာတဲ့ လက်ရေး လှလှ တွေအောက်မှာ
ငါ့ အသက် ပျောက်ချင်တယ်
ကျန်းမာရေး ဂရုစိုက်ဖို့ 
အရက် လျှော့သောက် ဖို့ 
သောက နဲ့ အမှာပါး
မော ဟ နဲ့ ဗျာများခဲ့သမျှ
နင် အနေဖြောင့်တော့ ၊၊ ၊၊
ဇာတ်လမ်းဟောင်းကို အသက်သွင်းဖို့ 
နင် နဲ့ သွားခဲ့တဲ့ အအေးဆိုင် အိုနွဲ့ နွဲ့ လေးမှာ
ငါ ဖြေသိမ့်ဖို့ ထိုင်တယ်
စီးကရက်တွေ တစ်လိပ် ပြီး တစ်လိပ် ရှိုက်ဖွာ
သောက နဲ့ သက်ပြင်း တွေ မီးခိုးငွေ့ ကြား
လွင့်စင်သွားခဲ့တယ်
နာရီသံတွေကြား အရင်လို နင်များ ငါ့ကို ချိန်းမလား အတွေးနဲ့ 
အဲဒီ ဆိုင်မှာ ငါ တစ်နေကုန်တယ်
ခြေကုန်လက်ပမ်း တွေ ကျလို့ 
ငါ ဒုက္ခ ကို မီးထွန်းရှာတယ် ၊၊ ၊၊
လရောင် အောက်က နီယွန် မီးရောင်တွေ အကြား
နင့် အိမ်ရှေ့ က အုတ်ခုံ မှာ ဂစ်တာတစ်လက်နဲ့ 
ဝေဒနာ သက်သာရာ သက်သာ ကြောင်း
ငါ တီးတိုးရင်ဖွင့်မိတယ်
အရင် လို နင် ခန်းဆီးလေး ဖွင့်ပြီး
ငါ့ သီချင်း ခိုးခိုး ပြီး နားထောင်လေမလား
မီး ပိတ်ထားတဲ့ နင့်အခန်း လေး ငါတွေးဆွေး လို့ 
ပတ်ဝန်းကျင်ကို ငါ နားစွင့် မိတယ်
အို . . . နင့်ခြေသံ တွေလား ၊၊ ၊၊
ငါ့ အခန်းမီးပိတ်လို့  လဲလျောင်း
အတွေးတွေ ဟိုတစ်စ တစ်စ ပျံ့ လွင့်
အရင်လို ငါ အိပ်မပျော်တိုင်း နင်နဲ့ ဖုန်းပြောဖို့ 
ငါ့လက်တွေ နင့်ဖုန်းနံပါတ်ပေါ် ကျသွားတယ်
လူကြီးမင်း အစချီသော စကားသံများနဲ့ 
လိုင်းကိုဖြတ် ငါ မွန်းကြပ်နေခဲ့တယ်
ဖုန်းပိုင်ရှင် နင်
အခု ဘယ် သောင် ကမ်း မှာ တင်နေလဲ ၊၊ ၊၊
လောကဓံ က ဘယ်လက်ဝါး ညာလက်ဝါး အစုံ နဲ့ 
နင် နဲ့ ငါ ကို ရိုက်ချလို့ အပြီးမှာ
ဒဏ်ရာတွေ ပရပွ နဲ့  အတိတ်ကို လှည့်အကြည့်
ရာဇ၀င် ထဲ က နင် ငါ့ကို မျက်ရည်များနဲ့ ပြုံးပြတယ်
ငါ့ အခန်းတံခါးကို ခေါက် နင် ခြေရာဖျောက်လို့ 
သစ်ပင်အိုတွေ အကြား
နင့်ကို ငါ ခပ် ပါးပါးလေး မြင်လိုက်တယ်
နင် နေလို့ မှ ကောင်းပါစ ၊၊ ၊၊
ဘ၀ ပေါ်က ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းတွေ
ငါ အခု စမ်း မလျှောက်တော့ဘူး
မလျှောက်ရဲလို့ တော့ မဟုတ်ဘူး
ဒါတွေကို ရင်ဆိုင်ကြည့်ဖို့
ငါ့ ညာလက်မောင်း ကို အားတင်းလိုက်ချိန်မှာ
ငါ့ ဘယ်လက်မောင်းမှာ မှီ နေမဲ့
နင့် ပါးဖောင်းဖောင်းလေး တစ်စုံ ရှိမှ မရှိတော့ပဲ
ရူးနှမ်းခြင်း များစွာ နဲ့ 
ငါ မျက်ရည်များ ဖြင့် ထူးချွန်ခဲ့တယ် ၊၊ ၊၊
နွေအိုဟောင်း ကာလက ဥသြတွန်သံ ကြားမှာ
ငါ့ ရိုးတွင်းချဉ်ဆီ အထိ နင့်ကို လွမ်းတယ်
သစ်ရွက်ကြွေတွေကြား ရင်ခုန်သမှု နဲ့ 
လမ်းတွေ လျှောက်ခဲ့သမျှ
အခု လောကဓံ တွေကြားမှာ စိုးရိမ်မှုတွေနဲ့ 
နင့် ကို လိုက်ရှာနေမိတယ်
အို . . .ပျံလေတဲ့ ငှက်ခါး ဘယ်အကိုင်းမှာ မင်းနားသလဲ ၊၊ ၊၊
(၂)
ငါ သတိရခြင်းများစွာနဲ့ 
နင့်ဆီကို စာရေးလိုက်တယ်
ငါ့ကို ဆရာဝန် က ဆေးမှန်မှန် သောက် တဲ့
အဲဒီ ဂျူတီကုတ် အဖြူရောင် အင်္ကျီ တွေ နဲ့ လူတွေ ရဲ့ 
ဂရုဏာ မျက်လုံးတွေ ငါ သေလောက်အောင် မုန်းတယ်
စိတ်လျှော့ ပြီး ဖြေသိမ့် ငါ သည်းခံနေလဲ
နာရီများ အကြားက ဆေးသောက်ချိန် ဆိုတာကို
ငါ ပုံမှန် ရှောင်ပြေးတတ်နေပြီ ၊၊ ၊၊
နင့် နဲ့ မတွေ့ ရတဲ့ ကာလ ပတ်လုံး မှာ
ငါ့ အလွမ်းမျှော်စင်ပေါ်က ဒဏ်ရာသမိုင်းတွေအကြောင်း
ငါ့အမေ ကို ရင်ဖွင့် ပြမိတယ်
သူက ပြောတယ်
“ သား ပင်ပန်းနေမယ် အိပ်လိုက်တော့တဲ့ ”
စိတ်ထောင်းလို့ ကိုယ်ကြေ
ငါ နင့်စိတ်နဲ့ သေရတော့မယ်ဟ ၊၊ ၊၊
ငါ အိပ်ရာထက် က တိတ်တဆိတ် နိုးထ
အခန်းတံခါး အသာဟ လို့ 
ခြေဦးတည့်ရာ ငါ ပြေးထွက်ခဲ့တယ်
ခြေသံတွေ တရှပ်ရှပ် နဲ့ 
ခေါ်သံတွေ ထပ်လို့  ငါ့နောက်ကို သူတို့ ပြေးလိုက်
ငါ့ကို ချုပ်နှောင်လို့  ဒဏ်ရာအသစ်တွေ ထပ်ပေးကြတယ်
အဆောက်အဦ တစ်ခု က အခန်းငယ်လေးမှာ
ငါ့ ကို လှောင်ပိတ်လိုက်ကြတယ်
ကုတင်ပေါ် မှာ မှေးစက် လို့ 
လူတွေ ကြားက အမေ့ မျက်ရည် ငါ့ရင်မှာ မချိဘူးဟာ ၊၊ ၊၊
နောက်တစ်နေ့ မှာ
ငါ အခန်းတံခါးကို ထုနှက်
ငါ့ကိုလွတ်လပ်ခွင့် ပေးဖို့  သူတို့ အားလုံးကို
ငါ ငိုယိုတောင်းပန်ခဲ့တယ်
မှန်တံခါးအ၀ က သောကနဲ့ ချောင်းကြည့်တဲ့ အမေ့မျက်နှာကို အမြင်မှာ
ငါ သတိကို ကပ်လို့ နေရာမှာတင် ခွေခွေလေးလဲတယ်
နင် ဘယ်မှာလဲ ဟာ ၊၊ ၊၊
စိတ်ဓါတ်ကျခြင်းများက ငါ့ကိုဖိစီး
နင် မရှိတဲ့ ကောင်းကင် မှာ
ငါ လ မသာ ချင်တော့ဘူး
စိတ္တဇညတွေ ကြား
ငါ အလွမ်းများနဲ့  တေးမသီချင်တော့ဘူး
လက်တွဲလို့ လျှောက်ခဲ့သမျှ လမ်းတွေ ဟာ
လက်ချင်းဖြုတ်ပြီး အရာရာကို ရင်ဆိုင်ဖို့ ဆိုရင်
အပေးအယူ မမျှ တ တဲ့ လောကဓံကြားမှာ
ငါ နှစ်ခါပြန် သေလိုက်မယ် ၊၊ ၊၊
င့ါကို မေမေက ချော့မြူလို့  ထမင်းကျွေးတယ်
ငါ မှ မစားချင်တာ ဟာ
နင့်ကို တွေ့ လိုက်ရရုံနဲ့ အာဟာရ သိဒ္ဓိ ပြီးစေမဲ့ အကြောင်း
သူတို့ မသိကြဘူး
ဘ၀ဟောင်းက ၀ဋ် က ငါ့ လက်ရှိကို
ကောင်းကောင်းကြီး ကလဲ့စားချေတယ်
ကံကြမ္မာ ရယ် အငြိုးရှိရင် ကျေလှည့်ပါတော့ လား ၊၊ ၊၊
ငါမုန်းတဲ့ ဂျူတီကုတ် နဲ့ လူက ငါ့ကို ဆေးချော့မြူတိုက်တယ်
သူတို့ အားလုံးက ငါ့ကို ဂရုဏာ နဲ့ ဖြောင်းဖြ လို့ 
ငါ စိတ်ပျော်အောင် နေခိုင်းကြတယ်
ငါ့ကို လူရာ မသွင်းကြတော့ဘူး လား
“ကျုပ်မရူးဘူး ခင်ဗျားတို့ အားလုံးရူးနေကြတာ”
အဲဒီ နေရာ က ငါ ဒေါသ နဲ့  ပြေးထွက်
နင့်ဆီကို အရောက်လာနေပြီ
နင့်ဆီကို အရောက်လာနေပြီ
နင့်ဆီကို အရောက်လာနေပြီ
(၃)
ပန်းစည်းလေးကို နင့်အုတ်ဂူပေါ်ကိုချ
နင် လဲလျောင်းရာ မြေမှာ ဒူးထောက်လို့ 
နောင် တစ်ဘ၀မှာ ဆုံဆည်းခွင့်ကို ငါတောင်းတယ်
ငါ အားတင်းထားလဲ မျက်ရည်တွေ ကျမိတယ်
ငါ အသိတရားတွေကို စုစည်း
နင် နဲ့ ဆန့် ကျင်ဘက် အရပ်
ငါ လျှောက် ထွက် လာ ခဲ့ ပြီ
ဒါပေမဲ့ . . .
ငါ့  ရဲ့  အ တိ တ် က စာ မျက် နှာ တိုင်း မှာ
နင် ရှိ နေ ခဲ့ တယ် ၊၊ ၊၊
လမင်းဇော်
([email protected])
Comment #2
ဟုတ်ကဲ့ အခုလို ဝေဖန်ပေးတဲ့ chiron ကို အထူး တလည်ကျေးဇူးတင်ရှိပါတယ် ဗျာ ၊၊ ၊၊ ကျွန်တော် ကဗျာ ကို ဒီလို ပုံစံမျိုး နဲ့ တစ်ခါ မှ မရေးဖူးသေးပါဘူး ၊၊ ရေးချင်ခဲ့တာ ကြာနေပါပြီ ၊၊ အစမ်းသဘောမျိုး လက်သပ် ရေးကြည့်တဲ့ သဘောပါ
ဆက်လက် ကြိုးစားပါဦး မယ် ၊၊
By: လမင်းဇော် at May 15, 2011
Comment #3
ငါ့  ရဲ့  အ တိ တ် က စာ မျက် နှာ တိုင်း မှာ
နင် ရှိ နေ ခဲ့ တယ် ၊၊ ၊၊
ကြိုက်လို့အားပေးသွားတယ်
By: အသဲကွဲမိုး at May 15, 2011
Comment #4
အခုလို အားပေးသွားတဲ့ အတွက် မ မိုး ( အများခေါ်သလိုပဲ ခေါ်လိုက်တာပါ ) ကို ကျေးဇူး အထူးတင်ရှိပါတယ် ၊၊ 🙂
By: လမင်းဇော် at May 16, 2011
Comment #5
ဘ၀ ပေါ်က ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းတွေ
ငါ အခု စမ်း မလျှောက်တော့ဘူး
မလျှောက်ရဲလို့ တော့ မဟုတ်ဘူး
ဒါတွေကို ရင်ဆိုင်ကြည့်ဖို့
ငါ့ ညာလက်မောင်း ကို အားတင်းလိုက်ချိန်မှာ
ငါ့ ဘယ်လက်မောင်းမှာ မှီ နေမဲ့
နင့် ပါးဖောင်းဖောင်းလေး တစ်စုံ ရှိမှ မရှိတော့ပဲ
ရူးနှမ်းခြင်း များစွာ နဲ့ 
ငါ မျက်ရည်များ ဖြင့် ထူးချွန်ခဲ့တယ် ၊၊ ၊၊
တစ်ပုဒ်လုံးမိုက်တယ်…ဒီအပိုဒ်အကြိုက်ဆုံးပဲ….
By: terry at May 16, 2011
Comment #6
ကို တယ်ရီ ရေ . . .အထူး ပဲ ကျေးဇူးတင်ရှိပါတယ် ဗျာ 🙂
By: လမင်းဇော် at May 16, 2011
Comment #7
ပန်းစည်းလေးကို နင့်အုတ်ဂူပေါ်ကိုချ
နင် လဲလျောင်းရာ မြေမှာ ဒူးထောက်လို့ 
နောင် တစ်ဘ၀မှာ ဆုံဆည်းခွင့်ကို ငါတောင်းတယ်
ငါ အားတင်းထားလဲ မျက်ရည်တွေ ကျမိတယ်
ငါ အသိတရားတွေကို စုစည်း
နင် နဲ့ ဆန့် ကျင်ဘက် အရပ်
ငါ လျှောက် ထွက် လာ ခဲ့ ပြီ
ဒါပေမဲ့ . . .
ငါ့  ရဲ့  အ တိ တ် က စာ မျက် နှာ တိုင်း မှာ
နင် ရှိ နေ ခဲ့ တယ် ၊၊ ၊၊
By: နှင်းဖွေးလေး at May 19, 2011
Comment #8
ပန်းစည်းလေးကို နင့်အုတ်ဂူပေါ်ကိုချ
နင် လဲလျောင်းရာ မြေမှာ ဒူးထောက်လို့ 
နောင် တစ်ဘ၀မှာ ဆုံဆည်းခွင့်ကို ငါတောင်းတယ်
ငါ အားတင်းထားလဲ မျက်ရည်တွေ ကျမိတယ်
ငါ အသိတရားတွေကို စုစည်း
နင် နဲ့ ဆန့် ကျင်ဘက် အရပ်
ငါ လျှောက် ထွက် လာ ခဲ့ ပြီ
ဒါပေမဲ့ . . .
ငါ့  ရဲ့  အ တိ တ် က စာ မျက် နှာ တိုင်း မှာ
နင် ရှိ နေ ခဲ့ တယ် ၊၊ ၊၊
အားပေးသွားတယ်နော်
By: နှင်းဖွေးလေး at May 19, 2011
Comment #10
me too.
i m also going 2 b fool sooner n later.
By: ei lay at Aug 6, 2011
Comment #11
ta ti ya tine nin sar tway phout phout phat ya dar pye dot me.
plastic card laung hma ya dot me htin de.
ma hote yin nga ma tay khin hti taung ma khan naing hmar soe ya de.
a tate tone ka pe sar tway pay dar.
a khu kya dot ma pay dot bu.
a chit tway short kone p lar?
he,,he,,
a u ta yoak ye a te kwe pya tike.
By: ei lay at Aug 21, 2011
Comment #14
Super like
By: ei lay at Jan 6, 2013
Comment #15
နောက်တစ်ကြိမ်လဲ လတ်ဆတ်ဆဲ ကောင်းမွန်ဆဲ 🙂
By: နိုးဆက် at Mar 12, 2013
Comment #16
🙁
နင်အမြဲတမ်းရှိနေတယ်
By: နွေ at Mar 12, 2013
Comment #18
Nit tat swar kan sar twe pr tal…
By: mankhat wint at Mar 13, 2013
Comment #19
ငါ့ အခန်းမီးပိတ်လို့  လဲလျောင်း
အတွေးတွေ ဟိုတစ်စ တစ်စ ပျံ့ လွင့်
အရင်လို ငါ အိပ်မပျော်တိုင်း နင်နဲ့ ဖုန်းပြောဖို့ 
ငါ့လက်တွေ နင့်ဖုန်းနံပါတ်ပေါ် ကျသွားတယ်
လူကြီးမင်း အစချီသော စကားသံများနဲ့ 
လိုင်းကိုဖြတ် ငါ မွန်းကြပ်နေခဲ့တယ်
ဖုန်းပိုင်ရှင် နင်
အခု ဘယ် သောင် ကမ်း မှာ တင်နေလဲ
By: wa lone lay at Feb 28, 2014




Comment #1
ကဗျာက အစပိုင်း ကောင်းလာခဲ့ပြီး နောက်ပိုင်းရောက်တော့ စကားလုံး အားနည်းသွားပြီး ပေါ့သွားတယ်။ နောက်ပိုင်းလေး စကားလုံးတင်းပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ဖတ်ပြီး မြင်တာလေး ပြောကြည့်တာပါ။