Professional Authors

ပဋိပက္ခ(၇)

အထာမကျဘူး မြင်ရ တွေ့ရတာ
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော
ကဗျာပဲရေးတတ်လို့ ကဗျာပဲဖက်တွယ်လာခဲ့တယ်
မပြောနဲ့
အသွေးနဲ့အသားနဲ့ မယားနဲ့သားနဲ့
စားဝတ်နေရေး မပြေလည်ရင်
ခင်ဗျားက ဒီအရည်တွေပဲ ဖိသောက်
ခု ဦးနှောက် ဖောက်ပြန်ကုန်ပြီလား
အလကား ငမူး ငရူး
ဒီသုံးလေးဦးတောင် မြေတောင်မမြှောက်ပေးနိုင်ပဲ
ချောက်ထဲကျနေတဲ့ ကမ္ဘာကြီးကို ဆွဲတင်မယ်
တကဲကဲ စကားကြီးစကားကျယ်တွေ လွှတ်နေဆဲလား
သွား ရေသွားချိုး ရှိတာထည့်စား
ဒါနဲ့ ခင်ဗျား စောစောကပြောတာ ဘယ်လောက်
…………
………………..
သောက်မပစ်နဲ့ဦး။

In: ကဗျာ Posted By: Date: Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment