Professional Authors

ပဋိပက္ခ(၉)

 ဇာတ်လမ်းထဲ

ဗေလုဝ မိုက်ကြေးခွဲပြနေတဲ့အတိုင်းပဲ

အဲသလို

ခင်ဗျားခြေဖျားထောက်ထောက်ပြီး ဖြဲတော့

ကျွန်တော်တို့ အားလုံး ရယ်တာပေါ့

တံငါနား နီး တံငါ

မုဆိုးနားနီး မုဆိုး ဆိုပြီး

ကမ္ဘာကြီးရဲ့ ကဗျာဆရာအမည်နာမတွေရွတ်ပြတတ်ရုံနဲ့

ကဗျာဆရာအရေခြုံလာပုံက

မလုံ့တလုံ

အိုးမလုံ အုံပွင့်

ခပ်ရင့်ရင့်စကားလုံးတွေအစား

ခင်ဗျားအတွက်ရည်စူး

ကျွန်တော်တို့ပေးဖူးတဲ့

ဟိုဆေးဘူးလေး

မမေ့မလျော့ လှုပ်သောက်ရန်။


In: ကဗျာ Posted By: Date: Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment