Professional Authors

* ဆိုတော့….ငါတို့ဟာ…ငါတို့*

ဆိုတော့ …………
ငါ တို့ဟာ.. စကားကြီးစကားကျယ်တွေ ပြော
ကြယ် တွေကို တောင်အရောင်မှောင်သွား တဲ့အထိ
လူ့ပရ၀ဏ် ကို ကိုယ် စားပြုခဲ့ ကြပါ လေရော…..

ဆိုတော့ …………
ငါ တို့ဟာ..
နေရောင် စစခေါင်းပြုထွက်လာမှ
သံလိုက်အိမ်မြောင်အလွှဲကြီးတွေနဲ
ပင်လယ်ကိုလည်းဖြတ် ခဲ့
စကြာဝဠာလည်း တက် ခဲ့

ဆိုတော့ …
ငါ တို့ ဟာ… ပုဂလိက
ကိုးကွယ် မှု နဲ့… ၀ံပုလွေရဲ့
ပရမတ္တတရားနဲ့…..
ကျော ကုန်းတွေပေါ် လှေကားထစ် တွေ
ဆောက်ခဲ့ကြပေါ့…..

ဆိုတော့ ငါ တို့ ဟာ
ဂျိုးငှက်တစ်ကောင်နဲ့
သံလွင်ခက် နဲ့
ဒေါသ တွေပဲလျှံကျ လာတဲ့
မြေအိုးကွဲတွေ နဲ့…..

ဆိုတော့ငါတို့ဟာ…
ဘာသာတရားတွေဖန်တီး
အချင်းချင်းရန်တိုက် ပေးတဲ့
ပညာလည်းတက် ခဲ့

ဆိုတော့ ငါ တို့ ဟာ
လူ့ကျင့်ဝတ်နဲ့
ကိုယ်ချင်းစာတရားနဲ့
အဖြူအမဲ မသဲကွဲတဲ့
ဓမ္မဠိဒ တရား နဲ့

ဆိုတော့ငါ တို့ဟာ….
အင်တာနက် နဲ့
ဖုန်း နဲ့
လူမျိုးကြီးဝါဒနဲ့
မှောင် နေတဲ့ ည နဲ့
မလိုက်စားတဲံဦးနှောက်နဲ့
ကြားနေကျ သတင်းများနဲ့

ဆိုတော့ …………
ငါ တို့ဟာ.. စကားကြီးစကားကျယ်တွေ ပြော
ကြယ် တွေကို တောင်အရောင်မှောင်သွား တဲ့အထိ
လူ့ပရ၀ဏ် ကို ကိုယ် စားပြုခဲ့ ကြပါ လေရော…..။ ။

In: ကဗျာ Posted By: Date: Mar 12, 2013
Comment #1

ဆိုတော့ ငါတို့ ဟာ

ဆိုတော့ကာ ငါတို့ ဟာ

လူ့ ကမ္ဘာထဲက လူသားပါ

အားအင်သုံးလို့ စီးမျောလိုက်

အားအင်နည်းခိုက် မှေး၍လိုက်

လိုအင်ပြည့်က ကန့် လန့် တိုက်

commentinfo By: neon at Mar 12, 2013
Comment #2

🙂
so nice

commentinfo By: ei lay at Mar 12, 2013
Comment #3

လွှတ်ကြိုက်ပဲ ကိုယ့်လူ

လက်မကြီးကြီး ထောင်သွားတယ်ဗျာ

commentinfo By: အသဲကွဲ မိုး at Mar 12, 2013
Comment #4

အားပေးသွားပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Mar 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment