ပဋိပက္ခ(၅)
ခင်ဗျားပြောတော့
ဟောဒါက လူယဉ်ကျေးတွေနေထိုင်တဲ့ကမ္ဘာဆို
အခုတော့ အမိယုတ်သား ဆဲရေးနေတဲ့အတိုင်းပဲ
အဲသလို စကားလုံးအသုံးအနှုန်းနဲ့
ကဗျာရေးဝံ့တယ်ဆိုတော့
ခင်ဗျားက စကျွမ်းကြီးပေါ့ ဟုတ်သလား
မှတ်ထားပါ
တမလွန်က ခင်ဗျားဆရာတွေရဲ့အရိုးတွန်သံက
ခင်ဗျားကို တောထုတ်ခဲ့သလို
အခု ကျွန်တော်တို့အားလုံး
ခင်ဗျားကဗျာဆို
မဖတ်ဘူး၊မဖတ်ဘူးလေ၊မဖတ်ဘူးဗျာ၊မဖတ်ဘူးဗျာဗျ။
(p.s အောက်ဆုံးပါဒလေးမှာ လေးစားရသောဆီးပင်နယ်သားကဗျာဆရာ
တစ်ယောက်ရဲ့အရေးအသားပုံစံအတိုင်း ရေးထားခြင်းပါ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
mite tal byoe!!!!