Professional Authors

ပဋိပက္ခ(၆) .(သို့မဟုတ်).ခရုဟင်းလျာ

အနေအထားက
ပြုတ်ပြီးသားပဲ
အထဲမှာ တစ်လှေကြီးကိန်းအောင်းနေတဲ့
အဆီအနှစ်တွေက ဆူဝေ
(..အယူတိမ်းနေတဲ့ ငပိန်းရေ…)
စုပ်ပေတော့ လက်မလွတ်စေနဲ့
ဓာတ်ဆီပိုက်က ဓာတ်ဆီစုပ်ထုတ်သလို
စုပ်ထား
ပါးတွေချိုင့်ဝင်သွားတဲ့အထိ
စုပ်သာစုပ် မလှုပ်နဲ့
မသတီစရာဆိုလည်းစုပ် သဲတရှပ်ရှပ်ဆိုလည်းစုပ်ပဲ
ဒါက ပရိုတင်းငတ်နေတဲ့ မင်းအတွက်
အခင်းအကျင်း အသစ်စက်စက်ကြီးပေါ်က
ငါ့စေတနာ စစ်စစ်တွေမို့ပါကွယ်
မြင်သာရဲ့လား
သူတို့စကား ငှားပြောရရင်တော့
ဒါကုန်ရင် ဖျာပုံပြန် ဒန်တန့်တန် ဆိုလား။

(တာကောရဲ့ကဗျာတွေဆို ကောင်းကောင်းမကောင်းကောင်း
ကြုံရင်ဖတ်ပေးနေကျ ရောင်းရင်းများကိုတော့ ဗဲရီးဆောရီးပဲ
ဒီကဗျာ ခင်ဗျားတို့အတွက်မဟုတ်ဘူး)

In: ကဗျာ Posted By: Date: Nov 18, 2010
Comment #1

ရပါတယ်ဗျာ။ ကျွန်တော်တို့အတွက်မဟုတ်လည်း ခရုဟင်းတော့ စာချင်မိသားဗျ။ ဟီး

commentinfo By: မိုးလူ at Nov 18, 2010
Comment #2

မဟုတ်တော့လဲ ဘာဖြစ်တုန်း ဖတ်သွားတယ်။

commentinfo By: dan at Jan 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment