ဆူးချိုးနှင်းဆီ
သဘာဝပန်းမဟုတ်ပါဘူးဟာ…
နင့်တဒင်္ဂအနမ်းအတွက် ခမ်းခမ်းနားနားကြွေကျချင်တဲ့ကောင်ပါ ကဗျာ………
နင်မသိအောင် ကပျာကယာ ရုတ်သိမ်းလိုက်တဲ့အထဲမှာ နင်မချိအောင်နင်းခြေလိုက်တဲ့ မာနတွေ တပုံတပင်ပေါ့
နင်ပြုံးရင်ပျော် နင်ရီရင် ငါကျေနပ် နင်လိုအပ်ခဲ့ရင်တောင်
နောက်ကတကောက်ကောက် မနေတတ်မထိုင်တတ် အနေခက်အောင် ဖြည့်ဆည်းပေးချင်တဲ့ ကောင်
အယောင်ဆောင်မေတ္တာတွေမရှိဘူး…. ကိန်းဂဏာန်းတွေလည်းမခမ်းနားဘူး…..
ဘုရားစူးမဲ့ မေတ္တာ သန့်သန့်ပါဟာ……
နင်မသိပါဘူး..ကဗျာ …. နင့်ရင်ထဲမှာလည်းငါ မ၇ှိပါဘူး….
ဒါတောင်မှ ငါဆိုတာ အခန်းဆက်နဲ့ နင့်အတွက်ရူးနေတာပါ
နင့်အတွက်ဆို မာနတွေခ၀ါချ…..ပြာယာခတ်အောင် ချိုးခြေပစ်လိုက်တဲ့ သိက္ခာတွေ ဖွေးဖွေးလှုပ်
နင်ပြောသလို ငါသက်ရှိအရုပ်ဟ
စိတ်တွေလည်း မသိချင်တော့ပါဘူးဟာ…. ဆန္ဒတွေလည်း မရှိချင်တော့ပါဘူး…..
ငါ့ဘာသာအရူးလို ခွေခေါက်နေပါရစေ ….. နင်ပေးသမျှနဲ့ကျေနပ်
ငါ နေတတ်အောင်နေပါရစေဟာ… နင်ညာရင်လည်းခံပါ့မယ်
နင်မလိုရင်လည်းပြန်ပါ့မယ် ဘာလို့လဲသိလားကဗျာ…..
ဒဏ်ရာတွေအထပ်ထပ်နေလည်းပဲ….နင်ဆိုတာ ငါ့အတွက် မဟုတ်ပေမယ့်လည်း ကဗျာ နင်သိလား
အဟား……………..
ငါဆိုတာ နင့်ဘယ်တော့မှလှည့်မကြည့်ဖြစ်မယ့် နင့်ခြေရာ………….
Comment #3
သားသားရေးတဲ့စာလေးတွေကောင်းတယ်
By: အသဲကွဲမိုး at Nov 24, 2010
Comment #5
ကောင်းလွန်းလို့ facebook မှာ share လိုက်ပြီနော်
သားသား……….
By: Flora White at Nov 24, 2010
Comment #7
အရူးတိုင်းလည်းခွေခေါက်မနေတက်သလို…..
သူရင်ထဲမှာနင်မရှိဘူးဆိုတာလည်း….. နင်တကယ်မသိနှိုင်ပါဘူးသူငယ်ချင်းရယ်
ခြေရာ ဆိုတာ…. လှည့်မကြည့်တက်တယ့်လူတွေဘဲ ရှိနေရင်… ဟန်းတန်း တံဆိပ်နဲ့ အင်္ကျီဆိုင်တောင်ရှိလာမှာ မဟုတ်ပါဘူး ကွယ် ..
အားလုံး အတွက် တော့ နင်ဖြေတက်ပါစေ……..
By: နွေးနွေး at Nov 24, 2010
Comment #9
နေတတ်အောင်နေလိုက်ပါ ဟာ…လှည့်မကြည့်ဖြစ်တော့မယ့် ခြေရာတစ်စုံကိုလွမ်းနေမှာကိုတော့အားမပေးဘူး..ရောင်ပြန်ဟပ်လာမယ့်ကဗျာတစ်ပုဒ်ကိုရွေးချယ်သင့်တယ်နော်..
စာသားလေးတွေကောင်းတယ်… LIKE
By: ခင်လေး at Nov 30, 2010
Comment #15
တစ်ခါတစ်လေ မညှိုနှိုင်းပဲ ခံစားချက်ချင်းတူကြတယ်…..
မိဘမတူ တစ်ချိန်တည်းမွေးတဲ့ အမွှာပူးမဟုတ်ပဲ အကြိုက်ချင်း စရိုက်ချင်းတူကြတယ်…..
အံ့သြဖို့အကောင်းဆုံးက လူပဲ….ဒါပေမယ့် ငါတို့က သည်းခြားလူထဲက လူ…….
လူတွေ အများစုနဲ့မတူတော့ ပယ်ခံရတယ်…..၀င်ဆံ့အောင်လုပ်တော့လဲ ပင်ပန်းတယ်….
သူလှည့်မကြည့်ပေမယ့်…..မင်းအတွက်တော့ အဖိုးတန်တယ်ဟုတ်……..
By: Sky Sweet at Oct 9, 2011
Comment #16
hle ma kyi chin loh hote par bu.
hle ma kyi ye tar par.
ngo nay de myat lone tway ko tway twar hmar soe loh par.
By: ei lay at Nov 8, 2011
Comment #17
အဟား….ဟုတ်ကဲ့ဗျ..အဓိပါယ်အမျိုးမျိုးပေး..ခေါင်းစဉ်အမျိုးမျိုးတပ်…နောက်ဆုံးတော့လည်း…ကျန်ခဲ့တဲ့ခြေရာတစ်စုံအတွက်…….ဘာစကားလုံးကမှ မက်လောက်စရာမကောင်းပါဘူးဗျာ….
ဘိုင်သဝေး……ကျေးဇူး မအိလေး….. မအိလေးက ဘယ်သူမှန်းမသိပေမယ့်ကျေးဇူးပါဗျ
🙂
By: သားသား at Nov 8, 2011
Comment #18
u r welcome..
no need to know,,fri
it isn’t important.
but we love poems & all r poem lovers.
ha,,ha,,
By: ei lay at Nov 8, 2011
Comment #19
🙂
By: သားသား at Nov 8, 2011
Comment #20
စိတ်တွေလည်း မသိချင်တော့ပါဘူးဟာ…. ဆန္ဒတွေလည်း မရှိချင်တော့ပါဘူး…..
ငါ့ဘာသာအရူးလို ခွေခေါက်နေပါရစေ ….. နင်ပေးသမျှနဲ့ကျေနပ်
ငါ နေတတ်အောင်နေပါရစေဟာ… နင်ညာရင်လည်းခံပါ့မယ်
နင်မလိုရင်လည်းပြန်ပါ့မယ် ဘာလို့လဲသိလားကဗျာ…..
ဒဏ်ရာတွေအထပ်ထပ်နေလည်းပဲ….နင်ဆိုတာ ငါ့အတွက် မဟုတ်ပေမယ့်လည်း ကဗျာ နင်သိလား
အဟား……………..
ငါဆိုတာ နင့်ဘယ်တော့မှလှည့်မကြည့်ဖြစ်မယ့် နင့်ခြေရာ………….
By: Nge Lay at Nov 20, 2011
Comment #21
pha yar su me myit tar tant tant par
By: ei lay at Nov 21, 2011
Comment #22
ဘုရားစူးမဲ့ မေတ္တာ သန့်သန့်ပါဟာ……
နင်မသိပါဘူး..ကဗျာ …. နင့်ရင်ထဲမှာလည်းငါ မ၇ှိပါဘူး….
ဒါတောင်မှ ငါဆိုတာ အခန်းဆက်နဲ့ နင့်အတွက်ရူးနေတာပါ……
…… အရမ်းမိုက်တယ်..ကဗျာရှင်ကိုတော့..သနားမိပါရဲ့..ရင်ဘတ်ကြီးစုတ်ပြတ်ပြီးမှ..ထွက်လာတဲ့..စကားလုံး
တွေမို့လို့လေ..
By: Yone Bite Puu at May 25, 2013




Comment #1
ဂုဏ်ယူလိုက်ပါ … ခြေရာဆိုတာ သူလှည့်မကြည့်ပေမယ့် .. သူကိုယ်တိုင် တည်ဆောက်ခဲ့ရတာပါ … 🙂