Professional Authors

ရင်ခွင်ရိုင်း

ချစ်ခဲ့လား?..တဲ့
မင်းမေးခဲ့တဲ့စကား….အဖြေမလာပဲ..
.စိုက်စိုက်ကြည့်နေတဲ့ငါ့မျက်ဝန်းတွေက…..
မင်းအတွက်တော့…ရိုင်းစိုင်းမှုပေါ့…..
တခြားတယောက်ကို…ယုံကြည်ပြီး
ငါ့ရင်ခွင်ကိုမှ ပုံကန်ချင်နေတဲ့
..မင်းကို ငါ..ဘာမှ..မဖြေဘူး..
ဒါပေမယ့်……
မာနတွေသာအသက်မရှင်ခဲ့ရင်
တောက်တချက်..ပြင်းပြင်းခေါက်ပြီး….
မင်းကိုငါ..အော်မေးလိုက်ချင်တယ်
မင်းမသိတာလား…
မသိချင်ခဲ့တာလား………
ချစ်ခဲ့တာမဟုတ်ဘူး…..\”ချစ်နေတာ\”…….!

နေကောင်းရဲ့လား? ….တဲ့
နောက်တယောက်လက်ကိုဆွဲထားရင်း
ခပ်ရဲ့ရဲ့လေးတော့…မေးပါသေးတယ်
မိုက်မိုက်ကန်းကန်း..
.မမြင်ယောင်ဆောင်….လှည့်ထွက်သွားတော့
မင်းအတွက်ငါက……မိန်းမရိုင်းကြီးပေါ့…..

ငါပေးအပ်ထားတဲ့..
အသည်းနှလုံးတစ်စုံလုံး………
မင်းခြွေပြီး….အခြား..ချစ်ရက်မှတော့
ဒီလူ..ဘယ်လိုနေကောင်းနိုင်မှာလဲ???
တမင်တကာများ….
နင်းချေနေသလား…??

နင်သတ်မှတ်ထားတဲ့
ဒီမိန်းမရိုင်းရင်ခွင်ထဲမှာ
နင့်အတွက်……
အလွမ်းသန့်သန့်လေးတွေရှိတယ်..

နင်ထင်ထားတဲ့
ဒီ မိန်းမရိုင်းရင်ထဲမှာ..
နင့်အတွက်မှ
ဖြစ်တည်နေတဲ့….
သီးသန့်…နှလုံးသားလေးရှိတယ်

နင်ပစ်ပယ်ထားတဲ့
ဒီ မိန်းမရိုင်းရင်ထဲမှာ..
နင့်ကိုလွမ်းရလွန်း
ဖြေမဆည်နိုင်တဲ့…မျက်ရည်တွေနဲ့
တံတားခင်းထားတယ်..
နင်  ပြန် လာ  ဖို့ !

In: ကဗျာ Posted By: Date: Oct 8, 2010
Comment #1

ကြိုက်တယ်…..ကူးသွားပြီနော်..

commentinfo By: biebie at Jun 11, 2011
Comment #2

မမိုး….အရမ်းခံစား၇ပါတယ်။
ကဗျာဖတ်ပြီး….ရင်ထဲမှာတစ်ခုခုခံစားပြီးကျန်ခဲ့တယ်။
အားပေးနေပါတယ်။မမိုး…..

commentinfo By: poem.poem28 at Jun 11, 2011
Comment #3

နင်ပစ်ပယ်ထားတဲ့
ဒီ မိန်းမရိုင်းရင်ထဲမှာ..
နင့်ကိုလွမ်းရလွန်း
ဖြေမဆည်နိုင်တဲ့…မျက်ရည်တွေနဲ့
တံတားခင်းထားတယ်..
နင် ပြန် လာ ဖို့ !..
အားပေးနေပါ့မယ် မမ

Comment #4

ချစ်ခဲ့တာမဟုတ်ဘူး ချစ်နေတာ အဲ့စာသားလေး အတော်လှတယ် ဆရာမမိုး ကဗျာလေး အားပေးသွားပါတယ်

commentinfo By: Nay Chi at Jul 19, 2011
Comment #5

ဟုတ်..မိုးကဗျာလေးတွေ..အားပေးတဲ့…ကဗျာချစ်သူမောင်နှမများအားလုံးကို မိုးကျေးဇူးအများကြီးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #6

ချစ်ခဲ့တာမဟုတ်ဘူး…..\”ချစ်နေတာ\”….. hote tal.. what a lovely words.:)..

commentinfo By: ဗုဒ္ဓဟူး at Sep 20, 2011
Comment #7

ကျွန်တော် မြင်သွားတယ်ဗျ။ ကဗျာဆရာရဲ့ နှလုံးသားကိုပေါ့။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာလေး တပုဒ်ရှိတယ်ခင်ဗျ။

မင်းအသံလေးကြားတိုင်း
ငါ့ သိမ်မွေ့ခြင်းတွေ ရိုင်းလာတတ်ပြီ
မင်းသိရဲ့လား ကောင်မလေးရယ်
လူမိုက်တွေရဲ့ ရာဇဝင်ကို
လူယဉ်ကျေးတွေ တီထွင်တယ်ဆိုတာ
ကျေးဇူးပြုပြီး ငါ့ကို လူမိုက်လို့ခေါ်ပါ

အရေးအသားချင်း မတူပေမဲ့ ရင်ဘတ်ချင်း ထပ်တူကျတယ်လို့ မြင်ပါတယ်။ ခံစားချက်ခြင်း ကိုက်ညီမှုရှိတဲ့ ကဗျာတပုဒ်မို့ အထူးနှစ်သက်မိပါတယ်။

အားလုံးကို စွန့်လွှတ်ခံရမှတော့
ငါ သတိလည်း မရချင်တော့ပါဘူး
အို …… အရှင်
တပည့်တော်အား အတိတ်မေ့ခြင်းကို ပေးသနားပါ

ကျွန်တော်က နောက်အပိုဒ်မှာ အဲဒီလိုရေးထားတယ်။ တကယ်က မေ့ပစ်လိုက်မယ်ဆိုတာ မေ့မရသူတွေရဲ့ စကားပါ။ တကယ်မေ့ပြီဆိုရင် မေ့ပစ်မယ်ဆိုတဲ့ စကားတောင် မေ့သွားပါတယ်။ =) ဘဝမှာ ထာဝရ ပျော်ရွှင်အေးချမ်းပါစေခင်ဗျာ။
ချီရွန် ( ပုလဲ )
စာကြွင်း။ ။ သူများ ကဗျာအောက်မှာ ကိုယ့်ကဗျာကို လာကြော်ငြာနေသလို ဖြစ်သွားတယ်။ ချောတီးနော်။ 😀

commentinfo By: ChIr0N at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment