Professional Authors

အတိတ်ရဲ့လပြည့်ည

တိတ်ဆိတ်ခြင်းရဲ့
ကောင်းကင်ကိုငေးမောရင်း
မင်းကိုသတိရတယ်
ဒီလိုလပြည့်ညမှာပေါ့

လရိပ်ရဲ့အေးမြမှုအောက်မှာ
ငြိမ်းချမ်းခြင်းအတိတ်တွေလည်း ရှိခဲ့ဘူးတယ်
မျှော်လင့်ခြင်းအနာဂတ်တွေလည်း ပိုင်ဆိုင်ခဲ့ဘူးတယ်
အိပ်မက်အသစ်တွေလည်း မွေးဖွားဖူးတယ်
ကြည်နူးခြင်းတွေလည်း ဝေဆာဖူးတယ်

ဒါပေမယ့်လေ……..
အခုခါမှာတော့
အတိတ်ရဲ့နေ့များဆီကိုလည်းမတမ်းတချင်တော့ပါဘူး
မျှော်လင့်ခြင်းဆိုတဲ့အိပ်မက်တွေလည်း မမက်ချင်တော့ပါဘူး
ပြောခဲ့ဘူးတဲ့စကား
ထားခဲ့ဘူးတဲ့ကတိတွေလည်း ကျိုးပျက်ခဲ့ပြီးပြီလေ……..

စွန့်လွှတ်ခြင်းဆိုတဲ့အနာဟောင်း
ပြန်ပြောင်းလို့တမ်းတနေတော့ကော
ဘာများထူခြားလာမှာလဲ
တွေးမိတိုင်းဒဏ်ရာအသစ်ထပ်ထပ်ဖြစ်နေလို့
ငါ့ရင်တွေဆို့ ငါမျက်ခွံတွေမို့မယ်ဆိုတော့
လပြည့်ညရယ်…..
ငါ့မှာလည်းတစ်ယောက်တည်းပါကွယ်။

In: ကဗျာ Posted By: Date: Oct 24, 2010
Comment #1

“ အခုခါမှာတော့
အတိတ်ရဲ့နေ့များဆီကိုလည်းမတမ်းတချင်တော့ပါဘူး
မျှော်လင့်ခြင်းဆိုတဲ့အိပ်မက်တွေလည်း မမက်ချင်တော့ပါဘူး…………………….”

commentinfo By: kyi kyi at Oct 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment