Professional Authors

ဆုတောင်း ကျိန်စာ

 

နင်မြင်အောင်ရီပြနိုင်ပေမယ့် ဘ၀ကလှိုင်းထနေမှတော့

ငါကြည့်မှန် ထပ်တူမကျဘူးဆိုတာ နားလည်ပါတယ်

နင်ရီအောင် ကြိုးတန်းပေါ်က ခဏခဏချော်ကျပြ

ငါ အောက်ရောက်လို့ဇက်ကျိုးမလား .. ငါမကြောက်ခဲ့ဖူးပါဘူးဟာ

ငါအထပ်ထပ်က ဒီဇာတ်ကို ဒီညသိမ်းမှာလား ……..ငါ မသိပါဘူး

သူများထက်လည်း ထူးပါတယ် သူများထက်လည်းရူးပါတယ်

တခါတခါ မျောက်မူးလဲကကွက်တွေနဲ့ .

ဟုတ်ပါတယ် နင်ပြောသလို ငါစောက်ရူးပါပဲဟာ.

နင်သိမ်းထားတဲ့အပျိုစင်ဘ၀ နင့်အနာဂါတ်ငါမပါရင်ပိုလှမယ်တဲ့လား ကဗျာ

မရေရာတဲ့အတွေးတွေနဲ့ မသေချာတဲ့ငါဆိုတာ .နင့်ရှေ့မှာ ဘာမှမရေရာတဲ့ကလေးလေးပါပဲဟာ.

နင့်အတွက် သေချာတဲ့ အချစ်တခု ငါရူးရူးမူးမူးပြုစုခဲ့တာပါ

ဒါနင်ပြောတဲ့ ဘ၀ပါဟာ

အရာရာကြွေကျ မြေခနေတာတောင် ငါကြောင်တောင်တောင်နင့်အတွက်ပွင့်ပေးချင်တဲ့ပန်း

တစ်သက်မှာတခါပါဟ….ထပ်ခါထပ်ခါ နင့်အတွက်ကြွေကျမိတာကလွဲလို့ပေါ့

မပြောတော့ပါဘူးဟာ…ငါရူးလောက်အောင်တိတ်တိတ်ကလေးကြွေမယ်

ငါမောချင်သလောက်မော ဒီဘ၀တော့ နင့်အတွက်ပျော်ပျော်ကြီးမျောမှာပေါ့ဟာ..

ငါ့ခန္ဓာ ငါ့အသက် နင်လက်အပ်ထားတယ်

နင်စေရင်သွား နင်မလိုရင်ထား နောက်ဆုံးငါဆိုတာ အခမဲ့ဆိုက်ကားတစ်စင်းပေါ့

ပေမမှီဒေါက်မမှီ…နင်ရီမယ်ဆိုရင်တောင်

နင်သိလားကဗျာ

ငါအရုပ်ကြိုးပြတ် င့ါအသက်ထက် နင့်ကိုချစ်တယ်

တလှပ်လှပ်လှိုက်မောနေတဲ့ရင်နဲ့ တလက်လက်ထနေတဲ့မျှော်လင့်ချက်

ငါ မျက်စိ…မကန်းပါဘူးဟ…ငါကန်းချင်ယောင်ဆောင်ပြီးချစ်ခဲ့တာ

ကဗျာ နင်သိမှသိရဲ့လားဟာ…

 နင့်အတွက်ငါ ချိနဲ့နေတဲ့ အားအင်နဲ့တောင် ပြုံးပြချင်တဲ့ကောင်ပါဟ

နောက်ဆုံးတော့ ငါလိုကောင် ယောင်တောင်တောင်ကြောင်တောင်တောင်နဲ့

ငါသိပါတယ်..ကဗျာ….အရာရာ နင့်အတွက်

မနက်မနက်ဆို နင့်အတွက်နင်မကြားအောင် တိုးတိုးလေးရေရွတ်ဖူးတယ်

နင်သိလား ကဗျာ ………….

အဲ့ဒါ….

ငါ……………..ဆိုတာ …….

နင်..လိုရင်……..

အသုံးတော်ခံ နင့်ဖိနပ်………….

In: ကဗျာ Posted By: Date: Dec 8, 2010
Comment #1

ကောင်းလိုက်တာ..သားသားရယ်။ ရက်ပ် သီချင်းလုပ်ဆိုလို့တောင် ရတယ်ဗျ။

commentinfo By: မိုးလူ at Dec 8, 2010
Comment #2

ကြိုက်တယ် .. လှတယ် …
သုံးထားတာလေးတွေ လှတယ် … 🙂
ခြုံပြောရရင်တော့ …
အရင်လိုပဲ ဂွတ်စကွဲ လန်းဆန်းဂွမ်း ပေါ့လေ …

commentinfo By: ယုစံ at Dec 8, 2010
Comment #3

တစ်ခုပဲ .. ပြောစရာရှိတာ … စာလုံးပေါင်းတွေ မှန်အောင်ရိုက်ဟ … 😛

commentinfo By: ယုစံ at Dec 8, 2010
Comment #4

ကျေးဇူး ညီမလေး
ငါ့ညီမလေးမို့သာပဲ…..ဖိုက်သဟ..ဟားဟား
🙂
ကျေးဇူး ညီမလေးယုစံနဲ့ အစ်ကိုမိုးလူ…

commentinfo By: သားသား at Dec 8, 2010
Comment #5

ငါဆိုတာ…………
နင့်အတွက် မြေခသွားတဲ့ကြယ်
နင်ဖြတ်ခဲ့တဲ့ (၁၁)ကြိုးကဝေ
နင့်ဘယ်တော့မှလှည့်မကြည့်ဖြစ်မယ့် နင့်ခြေရာ………….
နင်မလိုရင်နောက်ကွယ်မှာ ပုန်းနေတတ်သူ
လွမ်းယုံလေးသာတတ်နိုင်တဲ့ လူရွှင်တော်………
နင်လိုရင် အသုံးတော်ခံဖိနပ်
တကယ်တော့ ငါဆိုတာ အဲ့လိုလူ ……………………။

နင်သိလား ကဗျာ ………….
နင်ဆိုတာ .. ငါ့အတွက်တော့ ………
ကျောခြင်းကပ် လက်တကမ်းစာ
—————-@——————@——————-@——————–

ကဲသားသားရေ ……
တစ်ကယ်ဆိုရင်
Moe Zat က
မင်းရဲ့ကဗျာတွေအားပေးနေတဲ့သူ….. 😀 😛 🙂

PS- ကဗျာပုံစံပြောင်းရေးမယ်ဆိုတာ……မတင်သေးဘူးလား?

commentinfo By: moezat at Dec 8, 2010
Comment #6

အမှန်အတိုင်းပြောရရင်

ကဗျာကို အကို မဝေဖန်တတ်ဘူး..
အကိုလည်း ကဗျာဆရာ မဟုတ်ဘူး။
ဒါပေမယ့် ကဗျာအကြောင်းတော့ နည်းနည်းသိတယ်။
ကဗျာစည်းမျဉ်းစည်းကမ်းတွေကို ဘေးချိတ်ပြီး
စာပေရှု့ထောင့်ကပဲ
မတောက်တခေါက်အသိကလေးနဲ့ ဝေဖန်ရမယ်ဆိုရင်

၁။ဆိုလိုချင်တာကို ရှင်းရှင်းလင်းလင်းဖော်ညွှန်းနိုင်စွမ်းရှိတယ်။
၂။ခံစားရတဲ့ရသတွေကတော့ ကရုဏာရသ၊သိင်္ဂါရသတို့ အထင်အရှား ပေါ်လွင်တယ်။
၃။စာသားအသုံးပြုမှု ကြမ်းတယ်။ဒေါသဂုဏ်တွေ သင့်တယ်။
၎။ကောင်မလေးတွေ ခိုက်လောက်တဲ့ကဗျာဆိုတာတော့ သေချာတယ်။

း)

commentinfo By: သွေးနက် at Dec 8, 2010
Comment #7

>>အစ်ကိုတော်Moezat
ညီ ကဗျာအသစ်တင်ဖို့ဒါက နောက်ဆုံးအလွမ်းကဗျာပါဗျ
နောက်ထပ်တင်ရင် ဘ၀နဲ့သက်ဆိုင်တာတွေ တခြားအကြောင်းမရာတွေတင်မှာပါဗျ ကျေးဇူးပါ အစ်ကိုအမြဲအားပေးတဲ့အတွက်
>>အစ်ကိုတော် သွေးနက်
ကျေးဇူးပါ အားပေးတဲ့အတွက် ချီးကျူးထောက်ပြပေးတဲ့အတွက်
🙂

commentinfo By: သားသား at Dec 8, 2010
Comment #8

တအားကောင်းတယ် …..ရေးထားတာ
ငါကဗျာ တိုတိုလေးတောင် ဆုံးအောင် မဖတ်ဖူး
နင့်ကဗျာတွေ တော် တော်မိုက်တယ် ဟ
ဆက်လုပ် သားသား ငါ အားပေးတယ်
အရမ်းမိုက်တယ် ………………

commentinfo By: soe at Dec 8, 2010
Comment #9

ကျွန်တော်က ကဗျာရှည်တွေကို သိပ်မကြိုက်တတ်ဘူးဗျ
ဖတ်လို့လည်း ကောင်းတယ်၊ ကာရံလည်း ညီတယ်
အားကျပါ၏။

Comment #10

အစ်ကိုတော်သားသားရေ…………
တစ်ပုဒ်လုံးကြိုက်တယ်ဗျ…………………
ဘာလောက်တောင် ခံစားပစ်လိုက်သလဲဗျာ………..:)

commentinfo By: moehtetaung18 at Dec 9, 2010
Comment #11

😀
နည်းနည်းခံစားချက်ပြင်းသွားတာပါ အစ်ကိုမိုးထက်
ဟုတ် အစ်ကို လိပ်ပြာကျေးဇူး အားပေးလို့
အပေါ်က အားပေးသူ soe ကျေးဇူးပါ
ညီအစ်ကိုမောင်နှမတွေအားလုံး
🙂

commentinfo By: သားသား at Dec 9, 2010
Comment #12

ကိုသားသားရဲ့ကဗျာကဒါပထမဆုံးဖတ်ဖူးတာပါ.. ဒါပေမဲ့ကဗျာလေးကအရမ်းကောင်းပါတယ်.. နောက်ပြီးဘဝနဲ့ပက်သက်တဲ့ကဗျာလေးတွေရေးလဲကောင်းမှဘဲလေ…စောင့်ပီးအားပေးပါအုံးမယ်.. {PS..ကျွန်မကဘဝနဲ့ပက်သက်တဲ့ကဗျာလေးတွေကိုပိုကြိုက်လို့ပါ} . 😀

commentinfo By: ရွှေငါး at Dec 9, 2010
Comment #13

ညီရေ….အောက်ဆုံး ပါဒလေးကို နည်းနည်းပြောင်းချင်တယ်…
မနက်မနက်ဆို နင့်အတွက်နင်မကြားအောင် တိုးတိုးလေးရေရွတ်ဖူးတယ်

နင်သိလား ကဗျာ ………….

အဲ့ဒါ….

ငါ……………..ဆိုတာ …….

နင်…..လိုရင်……..

အသုံးတော်ခံ နင့်ဖိနပ်………….
အဲဒီ ပါဒလေးမှာ…
အဲ့ဒါ…..
ငါ………………..ဆိုတာ….
နင်……..လိုရင်….
အသုံးတောခံ……
အိမ်သာ….လို့ …
ဟီးးး…
မနက်ပိုင်းလဲဖြစ်တယ်…..ကွာာာာာာာာာ
ပိုပြီးတော့လဲ နစ်မွန်းခံစားရအောင်…အမွှန်းတင်လိုက်တာ…
အဟီးးးး
ဘယ်နဲ့လဲ

commentinfo By: ic23u0 at Dec 9, 2010
Comment #14

ကိုအိုင်းစိ…လူယုတ်မာကြီး….ဟားဟား ကျေးဇူးအစ်ကို
မရွှေငါးလေး ကျေးဇူးပါ အားပေးတဲ့အတွက်
နောက်ပိုင်းကို ဘ၀နဲ့ပတ်သက်တာတွေ တခြားအကြောင်းအရာတွေထပ်တင်မှာပါဗျ

commentinfo By: သားသား at Dec 9, 2010
Comment #15

ကိုအိုင်စီကို ထောက်ခံပါတယ်ခင်ည … ။ 🙂

commentinfo By: ယုစံ at Dec 9, 2010
Comment #16

မျက်လုံးတွေ ဝေဝါးသွားတဲ့အထိ ကဗျာ (1) ပုဒ်လုံးကို နင့်နင့်သည်းသည်း ဝင်ရောက်ခံစားသွားပါတယ် .. ကျေးဇူးတင်တယ် ဒီဆိုဒ်လေးမှာ ကဗျာလေးတွေရေးတဲ့အတွက်လေ ……….

commentinfo By: pinkflower at Dec 11, 2010
Comment #17

ကျေးဇူးပါ ပန်းအိ
နင်ဝင်ဖတ်ပေးတဲ့
နင်သိတယ်ဆိုတဲ့အတွက်…………..
ငါ ကတိတည်ပါတယ်နော်………….

commentinfo By: သားသား at Dec 11, 2010
Comment #18

နင်သိလား ကဗျာ ………….

အဲ့ဒါ….

ငါ……………..ဆိုတာ …….

နင်…..လိုရင်……..

အသုံးတော်ခံ နင့်ဖိနပ်………….

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #19

so nice

commentinfo By: ei lay at Nov 8, 2011
Comment #20

ngo chin lar p……
so so nice

commentinfo By: ei lay at Dec 31, 2011
Comment #21

be hna khar khar phat phat kyike dar

commentinfo By: ei lay at Mar 16, 2012
Comment #22

extremely like both title & poem

commentinfo By: ei lay at Aug 24, 2012
Comment #23

My curses.

commentinfo By: myint naing at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment