Professional Authors

အမှတ်တရ

ငါကိုက အမှတ်သည်းခြေမရှိတာပါ …
မျှော်လင့်ချက်ဆိုတာ အခါခါသတ်မဲ့ ဓါးတစ်ချောင်းတဲ့ …
ငါ့ကိုယ်ငါ အချက်ပေါင်းမရေတွက်နိုင်အောင် ထိုးစိုက်မိပေါ့ … ။

သေအောင်သတ်နိုင်လဲ ကောင်းသားပေါ့ချစ်သူရယ် …
ခုတော့ ငါဆိုတာ ..
ကိုင်ပေါက်လိုက် ပြန်ကောက်လိုက်နဲ့
နင့်လက်ထဲက အရုပ်တစ်ရုပ်လို … ။

အရုပ်တစ်ရုပ် …
ငါ … အရုပ်တစ်ရုပ်ပါ …
နင့် ရဲ့ နယ်ရုပ်တစ်ရုပ် … ။

နင်ရွှေ့တဲ့ အကွက်ထဲဝင်
နင့်အတွက်ဆို ငါ့ကိုစတေး …
ငါ အစားခံပါ့မယ် … ။

မလိုပါဘူးဟာ……
အမှန်နဲ့အမှားကြား နင်တခါတခါများ ဗျာများခဲ့ရင်
ငါ့ရင်ခွင်မှာ ခဏဖြစ်ဖြစ်လာနားပါဟာ…

အရာရာ နောက်မကျသေးသရွေ့တော့ ငါဆိုတာ မနက်ဖြန်..ချစ်သူရယ်
မသေသေးသရွေ့ ငါ….
……………နင့်ကို………………
………………ချစ်နေမယ် ။

(ကိုသားသားနဲ့ တူတူ ရေးထားတဲ့ ကဗျာလေးပါ ) .. 🙂

In: ကဗျာ Posted By: Date: Jan 1, 2011
Comment #1

ကျေးဇူး ညီမလေး…
ကိုယ်တို့၂ယောက်လုံးရဲ့ တကယ့်အမှတ်တရပေါ့…
ကျေးဇူး
🙂

commentinfo By: သားသား at Jan 1, 2011
Comment #2

🙂

commentinfo By: ယုစံ at Jan 1, 2011
Comment #3

ကျေးဇူး……ဟီဟိ။

commentinfo By: layykyoe at Jan 1, 2011
Comment #4

အင်း … လာဖတ်ပေးတဲ့အတွက်လဲ ကျေးဇူး
(သူကတော့ ဘာကို ကျေးဇူးတင်သွားလဲ မသိ ) ..:)

commentinfo By: yusan at Jan 1, 2011
Comment #5

ကောင်းပါတယ်ကျေးဇူး

commentinfo By: ဝေဖြိုး at Jan 2, 2011
Comment #6

မသေသေးသရွေ့ ငါ….
……………နင့်ကို………………
………………ချစ်နေမယ် ။
ထိတယ်ဗျာ…. တကယ် အ၇မ်းမိုက်တယ်

commentinfo By: genius.jinx28 at Jan 2, 2011
Comment #7

wowwwwwwwww
i like both title & poem so much

commentinfo By: ei lay at Aug 13, 2012
Comment #8

“အမှန်နဲ့အမှားကြား နင်တခါတခါများ ဗျာများခဲ့ရင်
ငါ့ရင်ခွင်မှာ ခဏဖြစ်ဖြစ်လာနားပါဟာ… ”
LIKE IT…!!

commentinfo By: Yone Bite Puu at May 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment