Professional Authors

ကမ္ဘာကြီးကို လက်တစ်ဝါးစာထဲ ဆွဲတင်လိုက်တဲ့အခါတိုင်း

ကြွယ်ဝမှုရဲ့ အဆောင်အယောင်လား သူရဲဘောကြောင်တဲ့ ဆေးမင်ကြောင်လား
မောင်းသူမဲ့တွေ အသုံးချလာတဲ့အခါသမယမှာ
ငါလည်း တစ်ခုမှမပေးဘဲ တစ်ခုမက လိုချင်လာ
အပြင်မှာ ၃၁ ဒီဂရီစင်တီဂရိတ်ဆို
အထဲမှာ air con နဲ့ rap သီချင်းနဲ့ i phone နဲ့
ဟောသလို ကမ္ဘာကြီးကို လက်တစ်ဝါးစာထဲ ဆွဲတင်လိုက်တဲ့အခါတိုင်း
ဘုတ်ကို ကျီးမြှောက် ကျီးကို ဘုတ်မြှောက် ဂန္တ၀င်မြောက်ပုံပြင်မှာ
ဘူဘူဇီလာတွေရဲ့ အားပေးသံကြားရတဲ့အခိုက်
ငါ့မှာ ငိုရမလို ရယ်ရမလို။

In: ကဗျာ Posted By: Date: Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment