Professional Authors

ပြန်ရောက်တဲ့အခါတိုင်း

်ငါ့အိပ်မက်တွေ
ငါအနားသတ်ပြီးပေမဲ့
အမှောင်တွေက တလိမ့်လိမ့်
့်စီးဆင်းနေတုန်း
ပြန်ရောက်တိုင်း….ပြန်ရောက်တိုင်းပေါ့
သုညတွေက
နောက်က ကပ်ပါလာတုန်းပဲ

ဆည်းဆာကိုကြည့်ပြီးလဲ
ငါမိန်းမောခဲ့ဖူးတာပဲ
အသားေ၇ာင် ၀င်းဝင်းမွတ်မွတ်တွေကိုလဲ
မျက်ဝန်းတွေ
တောက်စားခဲ့ဖူးတာပဲ
ဒါပေမဲ့လေ….
ပြန်ရောက်တိုင်း….ပြန်ရောက်တိုင်းပေါ့
ထင်တာတွေ
ထင်တဲ့နေရာမှာ ကျန်ခဲ့တုန်းပဲ

ကျောခိုင်းသွားခဲ့တော့
ကျောပြင်တွေက မျက်ရည်တွေ
တွေတွေစီးလို့
ပြန်ရောက်တိုင်း….ပြန်ရောက်တိုင်းပါပဲ

အဆင့်ဆင့် ချကျွေးခဲ့၇တော့
ခံစစ်ကြောင်းတစ်ခုလုံးလဲ
ဖရိုဖရဲ တစ်စစီပွင့်အန်ထွက်ခဲ့
ပြန်ရောက်တိုင်း….ပြန်ရောက်တိုင်းလေ
ဒီအတိုင်းတွေက
ဒီအတိုင်းပြန်မရှိနိုင်တော့သလိုပဲ

တစ်ခုပြီး တစ်ခုပြောင်းလဲသွားကြတာ
ပြန်ရောက်တိုင်းပါပဲလေ
ပြန်ရောက်တဲ့ အခါတိုင်းပါပဲ

In: ကဗျာ Posted By: Date: Jun 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment