Professional Authors

ဦးနှောဏ်စားတယ် – ဝေရီမူး

ဦးနှောဏ်စားတယ် ဇွန်းလေးနဲ့ခပ်ခပ်ပြီး

 

ကပ်ပါလာတဲ့ အညစ်အကြေးဖတ်ကို

 

တောက်ထုတ်မယ်ကြံစဲ တဖက်လူက၀င်လုသွားတယ်

 

မင်းရက်စက်တယ်ဆိုပြီး အရက်တွေ လှိမ့်သောက်နေတယ်

 

အတုတွေနဲ့ကြည့်မိနေတယ် အစစ်က အသားတံဆိပ်ပါတယ်ပြောတိုင်း

 

လက်မောင်းမှာ ကိုယ့်နာမည်ကိုယ် တက်တူးထိုးထားလိုက်တယ်

 

ပုံစံကြည့်တော့ ဖိုက်တာလိုလိုနဲ့ ခရိတွေပဲ လိုက်စားနေတယ်

 

လိုက်စားနေတာ မဟာပုရိသ၀ါဒနဲ့

 

မီနူးကဒ်ထဲမှာလဲ စားချင်စရာတွေ ကြည့်ပဲဆိုတော့

 

အိပ်ကပ်ထဲက ဘောပင်ကို ဟန်ပါပါထုတ်ပြီး လက်မှတ်

 

တစ်ချက်ထိုးလိုက်တယ် နှစ်ချက်ထိုးရင်အကွဲပဲဆိုမှ

 

နှုတ်ခမ်းနီပြဲပြဲတွေက ညနေခင်းကို ဈေးကစားနေတယ်

 

နေခြည်၊လမင်း၊သံစဉ်၊ကဗျာတို့လည်း တရားဝင်သင့်ကြောင်းပြောတော့

 

တရားဝင်သွားအောင် ရှင်ကျွန်မကိုလက်ထပ်ပါ့လားလို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေတယ်

 

မြို့ထဲကို လမ်းသလားကြည့်မှ အပြဲတွေက ပြန်ပြီးခေတ်ထနေတယ်

 

ခေတ်ကို ခပ်ထထပဲ ဟစိ ဟစိနဲ့ ချုပ်ရိုးတွေ မခိုင်ဘူးဖြစ်နေတယ်

 

အရေးပေါ် ခွဲစိတ်ခန်းထဲ ပို့လိုက်ကြတယ်

 

လူနာကိုမေ့ဆေးပေးပြီး ၀မ်းဗိုက်ကို ခွဲကြည့်မှ

 

ရယ်ရမလို ငိုရမလို ဦးနှောက်တွေစားထားတယ် ။

 

 

 

 

ဝေရီမူး

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

တကယ်ဦးဏှောက်တွေစားထားတယ့် ?

commentinfo By: rocker at Jan 8, 2013
Comment #2

😉

commentinfo By: yar zar at Jan 8, 2013
Comment #3

a hak,,
mike de

commentinfo By: ei lay at Jan 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment