Professional Authors

အဲသည်ဝတ်ဆင်ထားမိတဲ့ အားပါးတရအပြုံးကြီးကို ငါပြန်ပြန်မုန်း

အဲသည်ဝတ်ဆင်ထားမိတဲ့
အားပါးတရအပြုံးကြီးကို
ငါပြန်ပြန်မုန်း

စိတ်ကူးနဲ့စွတ်တင်ထားလဲ
မသေချာမှုက
မသေချာမှုသက်သက်သာ
မဖြစ်နှိုင်ခြင်းက
မဖြစ်နှိုင်ခြင်းသက်သက်တာ

ဝန်မပိုစေချင်တဲ့စိတ်ကြီးကိုက
ငါ့မှာဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
သူလိုငါလိုသွားလာနေလျှက်ပဲ
ငါဟာ
တစ
တစ
တိတ်တခိုးတိတ်တဆိတ်
ယိုယွင်းတတ်လာတယ်

အစွန်းရောက်ကုန်ပြီလား
ကျကျနနစိတ်ကိုအနည်ကျထိုင်ချ
အာနာပါဏကိုလေးနက်ကိုးစားဖို့လိုပြီ။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Apr 9, 2012
Comment #1

phat shu arr pay twar par d

commentinfo By: ei lay at Apr 9, 2012
Comment #2

ဝန်မပိုစေချင်တဲ့စိတ်ကြီးကိုက
ငါ့မှာဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
သူလိုငါလိုသွားလာနေလျှက်ပဲ
ငါဟာ
တစ
တစ
တိတ်တခိုးတိတ်တဆိတ်
ယိုယွင်းတတ်လာတယ်
အတွေးနဲ့ အရေးကို သဘောကျတယ်ဗျာ။ အားပေးသွားပါတယ်။

commentinfo By: ChIr0N at Apr 10, 2012
Comment #3

အဲသည်ဝတ်ဆင်ထားမိတဲ့
အားပါးတရအပြုံးကြီးကို
ငါပြန်ပြန်မုန်း

commentinfo By: zawthetoo at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment