Professional Authors

အသင်လောကသို့ ! ! !

မမျှတတဲ့ လောကရေ…..
ငါ…………မျှတဖို့အရေးလည်း မမျှော်လင့်ပါဘူးကွယ်။

စော်ကားမှု ! !
ထားလိုက်ပါလေ……အချိန်တန်တော့လည်း နားလည်သွားမယ့် သဘောတရားတွေမို့ပါ။

အထင်လွဲမှု ! !
ငါ…………..အလေးမထားတော့ဘူးလေ
အချိန်တန်တော့ သိလာမယ့်အရာတွေပဲ မို့လားကွယ်။

ခက်ခဲမှု….အတားအဆီးတွေ
ပေးလိုက်စမ်းပါ
ငါ……………….ပြုံးလျက်ပဲ အသင်လောကရေ။

ငိုယိုတိုင်တည်မှုတွေ မလုပ်ဘူး
အရှုံးပေး နောက်ဆုတ်မှုတွေ မလုပ်ဘူး
ကောက်ကျစ်စဉ်းလဲမှုတွေ မလုပ်ဘူး

ငါ…………………..သီချင်းညည်းကာ…..သံစဉ်များနဲ့အတူ
ပြုံးလျက် ဆက်လျှောက်ဆဲပါ။

(၂၃-၁၁-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Nov 23, 2010
Comment #1

ငိုယိုတိုင်တည်မှုတွေ မလုပ်ဘူး
အရှုံးပေး နောက်ဆုတ်မှုတွေ မလုပ်ဘူး
ကောက်ကျစ်စဉ်းလဲမှုတွေ မလုပ်ဘူး

ငါ…………………..သီချင်းညည်းကာ…..သံစဉ်များနဲ့အတူ
ပြုံးလျက် ဆက်လျှောက်ဆဲပါ။
ကောင်းပါတယ်ဗျာ………အားပေးပါတယ်:)

commentinfo By: moehtetaung18 at Nov 23, 2010
Comment #2

ကျေးဇူး bro moehtetaung 18

commentinfo By: pannei at Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment