Professional Authors

ဝေါဟာရကတော့ ၂ ခုတည်းရယ် !!!!!

အထင်လွဲခံ ရတဲ့အခါ ပြုံးနေလိုက်ပါတဲ့..
လွယ်မယောင်နဲ့ခက်…တိမ်မယောင်နဲ့နက် ဆိုတာကို နားလည်ထားဖို့ကောင်းတယ်။

စေတနာ တဲ့..
*စေ* ခဲ့ လို့ပဲ *နာခဲ့* ရတာလား?
*နာ* ဖို့ အတွက်ပဲ *စေ* ခဲ့တာလား?
ငါ ….. အဖြေမထုတ်နိုင်ခဲ့ဘူး။

တကယ်ဆို..
ငါ…မေ့နေခဲ့တာက
စေတနာ(ဂရုဏာ) ဒေါသ ဆိုတာပဲကိုး။
ပြခဲ့ကြတဲ့ဒေါသတွေကို စေတနာအဖြစ်ပဲ
ငါ…သတ်မှတ်ခဲ့တယ်။

ရင်ထဲကို ဝင်မကြည့်နိုင်ပဲနဲ့
နားလည်ပါတယ် ဆိုတာကို
ငါ….မသုံးခဲ့ဖူးဘူး။

ကျေးဇူးပါ…
အရာအားလုံးကို ညွှန်ပြပေးခဲ့ကြတာ
စေတနာ နဲ့ နားလည်မှု။

(၁၆-၁ဝ-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment