Professional Authors

ရှေးရေစက်ရှိခဲ့လို့ လွဲချော်ခဲ့ခြင်းလား?

ရှေးရေစက်ရှိလို့ တွေ့ကြရတယ်တဲ့…
ရေစက်မရှိရင် ပခုံးချင်းယှဉ်လျှောက်နေတောင်မှ
မဆုံနိုင်ခဲ့ဘူးတဲ့။

နင် နဲ့ ငါ
ဆုံတွေ့စက
ပခုံချင်းမယှဉ်ခဲ့မိကြဖူးနော်….
မျဉ်းဖြောင့် ၂ ကြောင်းမှာ
ဆက်လျှောက်နေတဲ့ နင် နဲ့ ငါ
ဘာလို့များ
နင့် ပလက်ဖောင်း… ငါ့…ပလက်ဖောင်းကိုယ်စီမှာ ဆုံရပ်မိကြတာလဲ?
အခုတော့
လမ်းဖြတ်အကူးမှာ နင် နဲ့ ငါ
ပခုံချင်းယှဉ်ခဲ့မိသွားပြီ ချစ်သူ။

ဒါ……..
ရေစက်မရှိတော့လို့ပဲလား?
ကြမ္မာ တစ်ဖန်ပြန်လာတာပဲလား?
တိုက်ဆိုင်တဲ့ ဆုံမှတ်ပဲလား?
အတွေးတွေ…အတွေးတွေ
ငါ့ကို နှောင့်ယှက်စေတယ် ချစ်သူ။

ဆုံတွေ့စမှာ ပခုံးချင်းမယှဉ်ခဲ့မိကြလို့များ
လမ်းအချိုးအကွေ့မှာ ဒို့ ၂ ယောက် ပခုံးချင်းယှဉ်ဖို့ အကြောင်းများ ဖန်လာလေသလား ချစ်သူရယ်။

ငါနဲ့ ဆုံတွေ့ခဲ့တဲ့….. နင်
ရှေးရေစက်ကြောင့်ပဲလား?
ဝေးကွာသွားကြတဲ့ ငါတို့ ၂ ယောက်
ပခုံးချင်းမယှဉ်ခဲ့မိကြလို့ပဲလား?

(၆-၁၁-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Nov 6, 2010
Comment #1

သေသပ်လှပတဲ့ ကဗျာလေးပါဗျာ…..ကြိုက်တယ်ဗျို့ 

commentinfo By: moehtetaung18 at Nov 6, 2010
Comment #2

လူတော်တွေထင်ပါရဲ့
နမ်မီးဆစ် ထဲမှာဖတ်ဖူးတယ်…။
ဘယ်သန်ခြင်းတူလို့ ဖြစ်မှာပါ…

commentinfo By: ကိုဇင် at Nov 7, 2010
Comment #3

@ Both moehtetaung18 နဲ့ ကိုဇင်….ကျေးဇူးပါ

commentinfo By: pannei at Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment