သတိရခြင်း အခမ်းအနား (၃)
ဒီနေ့ နင့်ကို အရမ်း သတိရတယ် အိန်ဂျယ်
ယုံပေးပါ ………..
ကိုယ် မင်းကို သတိရတဲ့ အကြောင်း
ပုံနှင့် တကွ မရှင်းပြတတ်တော့ နင်ယုံနိုင်ပါ့မလား နော် ။
ကိုယ်သတိရတဲ့ အကြောင်း ဘယ်လို ကိုယ်ရှင်းပြမှ
နင်ယုံ နိုင်မလဲ ။
ဘယ်လို ပဲ ရှင်းပြ ရှင်းပြ သတိရတာဟာ
သတိရတာပါပဲ။
မင်းမရှိတဲ့ ဒီနေ့ နေ့စွဲက
ငါတို့ ဝေးသွားတဲ့ နေ့စွဲနဲ့
လာတိုက်ဆိုင်နေလိုက်တာ
နင့်ကို လွမ်းတယ် အိန်ဂျယ် ရယ်။
ဒီလို တိုက်ဆိုင်တဲ့ နေ့စွဲမှာ
ကိုယ် အရက်မစွဲပေမယ့် အရက်ဆိုင် ထိုင်မိတော့မလို့ ဗျ
နင် ခွဲလို့ ကွဲတဲ့ ဒီအသဲနှလုံး ပိုင်ရှင်
အသဲကွဲ သမား ငါကလည်း
အမှတ်ကို မရှိ နင့်ကို နာကြည်း မုန်းမေ့ မသွားဘဲ
နင့်ကို သတိရခြင်း အခမ်းအနားတွေ
သတိရခြင်းတွေ … ပို ပို တိုးလို့လာတယ် သိလား
အစက ငါ မမှားပါဘူး နော် ။
ဒီနွေရောက်ပြီ
နောက် တစ်နွေ ပြန်ရောက်မှာ ကို ကြိုတွေးမိတော့
အရမ်းကြောက်တယ် ။
နွေ – မိုး – ဆောင်း
နွေ ပြီးလို့ မိုး
ငါ့ မျက်ရည်မိုး အလွမ်းမိုး အသဲကွဲမိုး တို့
မိုးရေ နဲ့အတူ ……
မိုး ပြီးလို့ ဆောင်း
အသဲထဲက ဒဏ်ရာဟောင်း အနာဟောင်းက
ဆောင်းနဲ့ အတူ ပြန်နာကျင်ဦးမှာ
ဆောင်းပြီးလို့ နွေ….
အထီးကျန်ခြင်းကို
နွေနဲ့ အတူ
အရင်နှစ် ကလို ငါ ဖြတ်သန်းရင်း
မင်းကို
သ
တိ
ရ
ခြင်း
များ
စွာ
နဲ့ ……….. ကတုံးလေး
Comment #2
lone wa kway lout de
By: ei lay at Dec 13, 2011
Comment #3
like ပေးခဲ့တယ်နော်………………………
By: zako at May 27, 2012
Comment #4
a yan ko heart hti dar.
a pyin sar yike chat ka 9 lout shi de
By: ei lay at May 28, 2012
Comment #5
!-!
!-!
!-!
By: ei lay at May 2, 2013
Comment #6
The nice one I like this
By: Kaythari at May 2, 2013




Comment #1
ဒီနေ့ နင့်ကို အရမ်း သတိရတယ် အိန်ဂျယ်
ယုံပေးပါ ………..
ကိုယ် မင်းကို သတိရတဲ့ အကြောင်း
ပုံနှင့် တကွ မရှင်းပြတတ်တော့ နင်ယုံနိုင်ပါ့မလား နော် ။
အသဲထဲက ဒဏ်ရာဟောင်း အနာဟောင်းက
ဆောင်းနဲ့ အတူ ပြန်နာကျင်ဦးမှာ
ဆောင်းပြီးလို့ နွေ….
အထီးကျန်ခြင်းကို
နွေနဲ့ အတူ
အရင်နှစ် ကလို ငါ ဖြတ်သန်းရင်း
မင်းကို
သ
တိ
ရ
ခြင်း
များ
စွာ
နဲ့ ……….. ကတုံးလေး
တိုက်ဆိုင်မှုများစွာနဲ့ အားပေးသွားပါတယ်